Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင်စစ်တပ်နှင့်ပျူများကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦး​ကျော်​သေဆုံးဟုနတ်​တောင်နဂါးပကဖထုတ်ပြန်

ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းကလည်း ရွှေဘို-မန္တလေးလမ်းပေါ်၌ အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းအား မဟာမိတ်အဖွဲ့များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုမူမသိရ​ပေ။

နတ်တောင်နဂါး(ပကဖ)ပြောက် ကျားတပ်ဖွဲ့
နတ်တောင်နဂါး(ပကဖ)ပြောက် ကျားတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်စစ်​ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့အား ဒေသတွင်း PDFများကဇူလိုင်၁၄ ရက်မှ ၂၂ ရက်အထိ့အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦး​ကျော် သေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်လ ၂၂ ရက်)ကမခေါက်ရွာမှထွက်လာသည့် အကြမ်းဖက်စစ်တပ်အား အဝေးထိန်းမိုင်းများဖြင့်ဖေါက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားနှင့်ပျူ ၈ ဦးသေဆုံးနိုင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းဝင်လာချိန် ရှေ့မှမိုင်းကြိုထောင်စဉ်မိုင်းကွဲခဲ့၍ ရဲဘော်တစ်ဦးလည်း ထိုတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟုအသိ​ပေးသည်။

မ​ခေါက်ရွာနှင့်ပတ်သက်၍နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက”မခေါက်ရွာသားတွေကိုသင်တန်းပေးပြီးလက်နက်တွေလဲပေးထားတယ်။မခေါက်ရွာကတစ်ရွာလုံးနီးပါးပျူတွေပါ။ မခေါက်ရွာအနီးတဝိုက်ကတော့သေနတ်သံ အမြဲတမ်းလိုလိုကြားလေ့ရှိတယ်။ သူတို့သင်တန်းပေးတာလဲရှိတယ် တခါတလေ မူးရူးရမ်းကားပြီး ပစ်တာတွေလဲရှိတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းကလည်း မခေါက်ရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည်ရွာတောင်ဘက်ရှိကျောက်ကြမ်းတောင်ဘက်သို့နယ်မြေရှင်းလင်းရန် ထွက်လာစဥ် ပျူများကရှေ့ဆုံးကတက်လာရာအဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူများထိုနေရာမှာပင် လဲကျသွားသည်ဟု နတ်တောင်နဂါးအဖွဲ့က ပြောသည်။


အချိန်အနည်းငယ်အကြာတွင်မှစစ်ကူစစ်သားများကလာ၍ပျူ အလောင်းလေးလောင်းအား ကောက်ကာမခေါက်ရွာဘက်သို့ပြန်ဝင်သွားကြောင်းနတ်တောင်နဂါးအဖွဲ့ကအသိပေးသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း နယ်မြေရှင်းလင်းရန် အကြမ်းဖက်စစ်တက်က ချီတက်လာ၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ ဦးဆောင်သူအကြမ်းဖက်စစ်သား သေဆုံးကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအ​နေများကိုPeople’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းကလည်း ရွှေဘို-မန္တလေးလမ်းပေါ်၌ အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းအား မဟာမိတ်အဖွဲ့များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုမူမသိရ​ပေ။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။