Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူနယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU အတည်ပြု

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

ဘုရားသုံးဆူနယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU အတည်ပြု
ဘုရားသုံးဆူနယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU အတည်ပြု

▪️ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရဟု KIC ဖော်ပြ

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၈ရက်) နံနက်ပိုင်းတွင် ဘုရားသုံးဆူဒေသ ဘုရားတောင် စစ်ကောင်စီ စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၆)၊ တပ်ခွဲ(၂) တပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် ၁၃ဦး သေဆုံးခဲ့ကြောင်း ကရင်သတင်းဌာန KIC က ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယင်းသို့ဖော်ပြချက်နှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “ဒါကတော့ အတည်ပြုလို့ရပါတယ်”ဟု ပြောကြားပြီး ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေကို မသိရသေးဟု ပြောသည်။

KIC သတင်းဌာနက KNLA တပ်ရင်း(၁၆) တပ်ခွဲ မှ တပ်စုမှူးစောကရိတ်၏ ပြောကြားချက်ကို ဖော်ပြထားရာ ခလရ(၂၈၃) တပ်စွဲရာ ဘုရားတောင် တပ်စခန်းစခန်းသိမ်း တိုက်ပွဲမှာ ၁နာရီ ကျော်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၃ဦး သေဆုံးကာ လက်နက်မျိုးစုံ ၇လက် နှင့် ကျည် ခဲယမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

ယခုလ စက်တင်ဘာ ၂၀ရက်ကလည်း KNLA တပ်ရင်း (၁၈) နှင့် ပူးပေါင်းတပ်ဖွဲ့သည် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြိတ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးပြီး ၂ဦးဒဏ်ရာနှင့် အရှင်ဖမ်းမိခဲ့သည်။ ထို့ပြင် လက်နက်မျိုးစုံ ၁၄လက်ထက်မနည်း ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook