Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူနယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU အတည်ပြု

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

ဘုရားသုံးဆူနယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU အတည်ပြု
ဘုရားသုံးဆူနယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU အတည်ပြု

▪️ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရဟု KIC ဖော်ပြ

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၈ရက်) နံနက်ပိုင်းတွင် ဘုရားသုံးဆူဒေသ ဘုရားတောင် စစ်ကောင်စီ စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၆)၊ တပ်ခွဲ(၂) တပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် ၁၃ဦး သေဆုံးခဲ့ကြောင်း ကရင်သတင်းဌာန KIC က ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယင်းသို့ဖော်ပြချက်နှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “ဒါကတော့ အတည်ပြုလို့ရပါတယ်”ဟု ပြောကြားပြီး ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေကို မသိရသေးဟု ပြောသည်။

KIC သတင်းဌာနက KNLA တပ်ရင်း(၁၆) တပ်ခွဲ မှ တပ်စုမှူးစောကရိတ်၏ ပြောကြားချက်ကို ဖော်ပြထားရာ ခလရ(၂၈၃) တပ်စွဲရာ ဘုရားတောင် တပ်စခန်းစခန်းသိမ်း တိုက်ပွဲမှာ ၁နာရီ ကျော်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၃ဦး သေဆုံးကာ လက်နက်မျိုးစုံ ၇လက် နှင့် ကျည် ခဲယမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

ယခုလ စက်တင်ဘာ ၂၀ရက်ကလည်း KNLA တပ်ရင်း (၁၈) နှင့် ပူးပေါင်းတပ်ဖွဲ့သည် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြိတ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးပြီး ၂ဦးဒဏ်ရာနှင့် အရှင်ဖမ်းမိခဲ့သည်။ ထို့ပြင် လက်နက်မျိုးစုံ ၁၄လက်ထက်မနည်း ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။