Connect with us

Hi, what are you looking for?

News

ဘေးအန္တရာယ်အတွက် ပြည်သူများကြိုတင်ပြင်ဆင်ရန် အသိပေးချက် NUGထုတ်ပြန်

ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပြန် သည်။

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက “ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ”အား အပိုင်းလိုက် အသိပေးထုတ်ပြန်သွားမည်ဖြစ်ရာ ယနေ့နံနက်တွင် အပိုင်း(၁)ကို ဖော်ပြခဲ့ပြီး လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ကြောင်း ရေးသားထားသည်။

ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝဘေးသာမက ၊ လူ့ကြောင့်ဖြစ်သောဘေး နှင့် ပဋိပက္ခများကြောင့် ဖြစ်သော ဘေးများလည်း ပါဝင်ကြောင်း၊ ပြည်သူများသည် သိသင့်သိထိုက်သည့် အချက်များကို သိရှိနားလည်ထားရမည်ဖြစ်ပြီး ပြင်ဆင်ရမည့်အရာများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။