Connect with us

Hi, what are you looking for?

News

ဘေးအန္တရာယ်အတွက် ပြည်သူများကြိုတင်ပြင်ဆင်ရန် အသိပေးချက် NUGထုတ်ပြန်

ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပြန် သည်။

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက “ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ”အား အပိုင်းလိုက် အသိပေးထုတ်ပြန်သွားမည်ဖြစ်ရာ ယနေ့နံနက်တွင် အပိုင်း(၁)ကို ဖော်ပြခဲ့ပြီး လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ကြောင်း ရေးသားထားသည်။

ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝဘေးသာမက ၊ လူ့ကြောင့်ဖြစ်သောဘေး နှင့် ပဋိပက္ခများကြောင့် ဖြစ်သော ဘေးများလည်း ပါဝင်ကြောင်း၊ ပြည်သူများသည် သိသင့်သိထိုက်သည့် အချက်များကို သိရှိနားလည်ထားရမည်ဖြစ်ပြီး ပြင်ဆင်ရမည့်အရာများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

သတင်း

“ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။