Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်တွင် ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

မတ္တရာနယ်တွင် ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးထက်မနည်းသေဟုဆို
မတ္တရာနယ်တွင် ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးထက်မနည်းသေဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ် လမိုင်းကျေးရွာတံတားအနီး ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးသွားကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၂၉)နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်က မတ္တရာမြို့နယ် လမိုင်းကျေးရွာတံတားအနီး စစ်ဆေးရေးလုပ်ရန်ရောက်ရှိနေသော စစ်ကောင်စီတပ်ကို ‘ကာတွန်းပဒေသာမိုင်း(၁၀၀) စစ်ဆင်ရေး’ အဖြစ် မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးပြီး အပြားအပြားထိခိုက်ဒဏ်ရာရသွားကာ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် ပြန်ဆုတ်ခဲ့ရသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု နတ်ဆိုးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကာတွန်းပဒေသာမိုင်း(၁၀၀)စစ်ဆင်ရေးပြီးမြှောက်အောင်မြင်ပြီးရင်လည်း နောက်ထပ် စစ်ဆင် ရေးတွေဆက်တိုက်လာအုံးမှာ။ ကျွန်တော်တို့ နတ်ဆိုးတွေ အ ကြမ်းဖက်စစ်ကောင်စီ မပြုတ်မချင်း အရှိန်အဟုန်မြှင့်ပြီး တော်လှန်တိုက်ခိုက်နေအုံးမယ်ဆိုတာပါပဲ”ဟု အထက်ပါရဲဘော်က သတင်းစကားပါးသည်။

ထို့ကြောင့် ကာတွန်းပဒေသာမိုင်း(၁၀၀)စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်၍ ​ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ ဘက်တော်သားများနှင့် နီးစပ် သောနေရာတွင် နေထိုင်သွားလာခြင်းများ သတိကြီးစွာ ပါးပါးနပ်နပ်ဖြင့် ရှောင်တိမ်းသွားလာကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။