Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်တွင် ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် လမိုင်းကျေးရွာတံတားအနီး ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးသွားကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၂၉)နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်က မတ္တရာမြို့နယ် လမိုင်းကျေးရွာတံတားအနီး စစ်ဆေးရေးလုပ်ရန်ရောက်ရှိနေသော စစ်ကောင်စီတပ်ကို ‘ကာတွန်းပဒေသာမိုင်း(၁၀၀) စစ်ဆင်ရေး’ အဖြစ် မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးပြီး အပြားအပြားထိခိုက်ဒဏ်ရာရသွားကာ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် ပြန်ဆုတ်ခဲ့ရသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု နတ်ဆိုးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကာတွန်းပဒေသာမိုင်း(၁၀၀)စစ်ဆင်ရေးပြီးမြှောက်အောင်မြင်ပြီးရင်လည်း နောက်ထပ် စစ်ဆင် ရေးတွေဆက်တိုက်လာအုံးမှာ။ ကျွန်တော်တို့ နတ်ဆိုးတွေ အ ကြမ်းဖက်စစ်ကောင်စီ မပြုတ်မချင်း အရှိန်အဟုန်မြှင့်ပြီး တော်လှန်တိုက်ခိုက်နေအုံးမယ်ဆိုတာပါပဲ”ဟု အထက်ပါရဲဘော်က သတင်းစကားပါးသည်။

ထို့ကြောင့် ကာတွန်းပဒေသာမိုင်း(၁၀၀)စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်၍ ​ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ ဘက်တော်သားများနှင့် နီးစပ် သောနေရာတွင် နေထိုင်သွားလာခြင်းများ သတိကြီးစွာ ပါးပါးနပ်နပ်ဖြင့် ရှောင်တိမ်းသွားလာကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။