Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ရိုးတစ်လျှောက်က နာမည်ကြီးဓားပြဂိုဏ်းကို ရွှေဘိုခရိုင် PDF ဖမ်းဆီး

ဖမ်းဆီးရမိထားသော ဓားပြဂိုဏ်းဝင်များနှင့် ၎င်းတို့လုယက်ဓားပြတိုက်ထားသော သက်သေခံ ပစ္စည်းများအားလုံးကို သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြပြီး လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၈)က အသိပေးထားသည်။

ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)
ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)

ဧရာဝတီမြစ်ရိုးတစ်လျှောက် နာမည်ကြီးနေသည့် ဓားပြဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၈)က ပြောသည်။

အဆိုပါဓားပြဂိုဏ်းမှာ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် လုယက်ဓားပြတိုက်နေသည့် ၁၅ဦးပါ ဓားပြဂိုဏ်းဖြစ်ပြီး ၎င်းတို့အခြေစိုက်ရာ မတ္တရာနယ် စိန်ပန်းကုန်းရွာသို့ စက်တင်ဘာ ၂၃ ရက်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၁၈)က ဆိုသည်။

ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)
ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)

ထိုသို့စီးနင်းရာတွင် တပ်ရင်း (၁၈)မှ တော်လှန်ရေးရဲ ဘော်များအထိအခိုက်မရှိဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ဓားပြဂိုဏ်းမှ အမျိုးသား ၁၄ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၅ဦးကို ၎င်းတို့ကိုင်ဆောင်သည့် တုတ်ဓားလက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်ရင်း (၁၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဓားပြခေါင်းဆောင် နိုင်ဝင်းနဲ့ ငြိမ်းဇော်တို့အုပ်စုထံကနေ သက်သေခံပစ္စည်းတွေပါ သိမ်းဆည်းရရှိထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)
ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)

ဓားပြခေါင်းဆောင်နိုင်ဝင်းနှင့် ငြိမ်းဇော်အပါအဝင် အင်အား ၁၅ဦးကို ၎င်းတို့၏ တိုက်ရာပါ ပစ္စည်းများ၊ ကိုင်ဆောင်သောလက်နက်များနှင့်တကွ သက်သေခံပစ္စည်းများစွာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်ရင်းရဲဘော်များ ထိခိုက်မှုလုံးဝမရှိကြောင်း ဝက်လက်မြို့နယ်တော်လှန်ရေးအင်အားစုမှ ဗိုလ်စွန်ရဲက ပြောသည်။

၎င်းဓားပြများသည် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ရွာများနှင့် မြစ်ဘေးကျေးရွာများကို ပစ်မှတ်ထား ဓားပြတိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)
ဓာတ်ပုံ-ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း (၁၈)

ဓားပြဂိုဏ်းမှ သိမ်းဆည်းရရှိထားသည့်ပစ္စည်းများတွင် ရွှေထည်ပစ္စည်းများ၊ ငွေကြေးအချို့၊ မီးစက်ငါးလုံး၊ ဆိုလားပြားများ၊ ကားဘက်ထရီအိုးများနှင့် လက်ကိုင်ဖုန်းများအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများပါဝင်သည်ကို တွေ့ရသည်။

ဖမ်းဆီးရမိထားသော ဓားပြဂိုဏ်းဝင်များနှင့် ၎င်းတို့လုယက်ဓားပြတိုက်ထားသော သက်သေခံ ပစ္စည်းများအားလုံးကို သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြပြီး လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၈)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။