Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်မြောက်ပိုင်တွင် စစ်ကောင်စီတပ်စစ်​ကြောင်းထိုးလာ၍ရွာ​လေးရွာမှပြည်သူများ ထွက်ပြေးတိမ်းရှောင်​

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများသည် ရွာကြီးများဖြစ်၍ ကျေးရွာလေးရွာပေါင်း ၇၅၀၀ ခန့်ရှိနိုင်ပြီး ကန့်ဘလူခရိုင်တခုလုံး စစ်ဘေးရှောင် ၃သောင်းနီးပါးရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ။ဓါတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ။ဓါတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်အကြမ်းဖက်စစ်ကြောင်းထိုးလာ၍ ကျေးရွာ ​လေးရွာမှ ပြည်သူ​ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။

ယနေ့ (အောက်တိုဘာလ ၄ ရက် )နံနက် ၆ နာရီ ၁၄ မိနစ်ခန့်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ချပ်ကုန်းရွာမှ အင်အား၆၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇော်ချောင်းရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

ထို​ကြောင့်ဇော်ချောင်းရွာအပါအဝင်လမ်းကြောတစ်လျှောက်ရှိ အလယ်ခုံရွာ၊သင်တောရွာနှင့် လွင်ကြီးရွာများရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“စစ်ကြောင်းကကိုးတောင်ဘို့အထိုင်စစ်ကြောင်းပါဗျ။မနေ့က ချပ်ကုန်းရွာမှာ ညအိပ်တယ်၊ဒီမနက် ဇော်ချောင်းရွာဝင်တာပါ။ ရွာကတော့ပတ်ပတ်လည်ရွာတွေမနေရဲတော့အကုန်ပြေးကြရတဲ့သဘောပါ။”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက People’s Spring က​ပြောသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများသည် ရွာကြီးများဖြစ်၍ ကျေးရွာလေးရွာပေါင်း ၇၅၀၀ ခန့်ရှိနိုင်ပြီး ကန့်ဘလူခရိုင်တခုလုံး စစ်ဘေးရှောင် ၃သောင်းနီးပါးရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ။ဓါတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ။ဓါတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကောင်စီတပ်သည် ကန့်ဘလူနယ်အတွင်းတွင်လ​ည်း စစ်ကြောင်းထိုး အကြမ်းဖက်၍ပြည်သူများကိုသတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်ခဲ့ဖူးသည်။ စစ်ကိုင်း ၊မ​ကွေး တိုင်းနှင့်ချင်း၊ကရင်နီ(ကယား)၊ကရင်ပြည်နယ်စသည့်တို့တွင် စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးပါက လမ်း​ကြောင်းတစ်​လျှောက်ရှိ​ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊မီးရှို့ခြင်း၊ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးပြုခြင်း စသဖြင့်အကြမ်းဖက်၍ ​ဒေသခံများမှာ စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာလျှင် ကြိုတင်ထွက်​ပြေးကြသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်မလုံခြုံမှုနှင့် တိုက်ပွဲများ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ စက်တင်ဘာလကုန်ပိုင်းအထိ့ တစ်သန်း​ကျော်ရှိ​ကြောင်း OCHA ကထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်သည် ​စစ်တပ်က နေအိမ်များမီးရှို့ဖျက်ဆီးခံရမှု​တွင်​ရော ၊ ​နေရပ်စွန်စွာထွက်​ပြေးရမှုတွင်​ရောကျန်​ဒေသအားလုံးထက်ပိုများပြီး လူဦး​ရေ ငါးသိန်း​ကျော်ရှိသည်ဟုOCHA ကဆိုသည်။ သို့​သော် အမှန်တစ်ကယ်တွင် ​မြေပြင်တွင် စစ်​ဘေး​ရှောင်အ​ရေအတွက်မှာ OCHA ထုတ်ပြန်​​သောအ​ရေအတွက်ထကိများစွာပိုများ​ကြောင်း စစ်​ဘေး​ရှောင်များကိုကူညီ​ပေး​နေသူများက​ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ချပ်သင်းအရှေ့စိုင်ချောင်းအနီးရှိ စစ်ကောင်စီအုပ်စု အထိုင်ချစစ်ဆေးနေသောဂိတ်အား ဒေါင်းရာဇာ(KBU-UG)အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုလေးဦးထဲမှ နှစ်ဦးသေဆုံးနိုင်ချေများကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။