Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် ပျူစောထီးသင်တန်းပေးနေသည့်ရွာကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်

ထို့အပြင် ဆက်ကြေးမ​ပေး​ဆောင်​သည့်အိမ်ကို သစ္စာ​ဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ ​နေအိမ်​များကို ဝင်​ရောက်ဖျက်ဆီးကာ ပစ္စည်း​များယူ​​ဆောင်ကြောင်း သိရသည်။

ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ပျူစောထီး ခုနှစ်ဦးသေဟုဆို

စစ်ကောင်စီက စခန်းအထိုင်ချ၍ ပျူစောထီးသင်တန်းပေးနေသည့် လယ်လှကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ ပျူ ခုနှစ်ဦးသေဆုံးကြောင်း လင်းယုန်နီကန့်ဘလူက ယနေ့(စက်တင်ဘာ ၆ရက်)ထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်​ တောင်ခြမ်းတွင်ရှိသော ပျူစောထီးသင်တန်းကို စက်တင်ဘာ ၃ ရက်​နှင့် စက်တင်ဘာ ၅ ရက်​တို့တွင် Kanbalu Under ground Warriors ၊ MPF U – 18 ၊ ကန့်ဘလူ စွန်ရဲ နှင့် လင်းယုန်နီ ကန့်ဘလူအဖွဲ့တို့မှ ပူး​ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့များက ဒရုန်း ၊ (၆၀)မမ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ပျူစောထီးခုနစ်​ဦးသေဆုံးသွားသည့်အပြင် တစ်ဦးမှာ မျက်လုံးကျွတ်သွား​၍ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ထန်းကုန်းတိုက်နယ် လယ်လှရွာတွင် စစ်​ကောင်စီတပ်မှ တပ်အထိုင်ချထားကာ ပျူစောထီးသင်တန်း​ပေး​နေသည့်အပြင် ပျူစောထီးများမှ ​ကျေးရွာထဲရှိ ​နေအိမ်တအိမ်လျင် ​ကျပ် နှစ်သောင်း​ ဆက်​ကြေးကောက်ခံ​ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆက်ကြေးမ​ပေး​ဆောင်​သည့်အိမ်ကို သစ္စာ​ဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ ​နေအိမ်​များကို ဝင်​ရောက်ဖျက်ဆီးကာ ပစ္စည်း​များယူ​​ဆောင်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်