Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ တပ်အချိန်းအပြောင်းလုပ်ရန် ပြင်ဆင်နေ

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။

တမူးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ တပ်အချိန်းအပြောင်းလုပ်ရန် ပြင်ဆင်နေ
တမူးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ တပ်အချိန်းအပြောင်းလုပ်ရန် ပြင်ဆင်နေ

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကြောက်လန့်၍ မြို့ပြင်မထွက်ရဲသည့် စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲ အကာအကွယ်ယူပြီး မြို့အပြင်ထွက်နိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

တမူးမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (၈၉)သည် ကလေးမြို့ တပ်ရင်းတစ်ခုဖြင့် တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ကြိုးစားနေသည်။ သို့သော် တမူး-ကလေး အာရှလမ်းမကြီးတစ်လျှောက်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရင်မဆိုင်ရဲ၍ မြို့အပြင်သို့ မထွက်ရဲသေးကြောင်း ​ဒေသခံများက ပြောသည်။

“၈၉ တပ်ထဲနဲ့ တပ်ရှေ့မှာ အသင့်အနေအထားနဲ့ နေနေကြတာ တစ်ပတ်ကျော်ပြီ။ မြို့ပြင်ကို ထွက်ရင် တိုက်ခိုက်ခံရမှာကို သိတော့ မထွက်ရဲကြဘူး။ ဒီရက်ထဲမှာ အရပ်သားတွေရဲ့ ကားတွေကိုချောဆွဲထားတယ်။ အရပ်သားကားတွေနဲ့ ထွက်မယ့်အခြေအနေရှိတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် မြို့ပြင်ထွက်သည်နှင့် တစ်ပြိုင်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေ၍ တမူးမြို့ တပ်ရင်းထဲသို့ ပြန်လည်ဆုတ်ခွာနေရသည်။

Public Service Announcement

Public Service Announcement

“စစ်ခွေးတွေက အရပ်သားတွေကို အကာအကွယ်ယူပြီ တက်လာမယ့်သဘောရှိတယ်။ စစ်ကောင်စီနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးနေဖို့ မေတ္တာရပ်ခံပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တမူးမြို့တွင် စစ်ကောင်စီတပ်သည် မြို့အတွင်း၌သာ လှုပ်ရှားနိုင်ပြီး မြို့ပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည်။ စက်တင်ဘာလအတွင်း တမူးမြို့ပြင်တိုက်ပွဲများတွင် စစ်ကောင်စီအလွန်အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။