Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ တပ်အချိန်းအပြောင်းလုပ်ရန် ပြင်ဆင်နေ

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။

တမူးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ တပ်အချိန်းအပြောင်းလုပ်ရန် ပြင်ဆင်နေ
တမူးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ တပ်အချိန်းအပြောင်းလုပ်ရန် ပြင်ဆင်နေ

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကြောက်လန့်၍ မြို့ပြင်မထွက်ရဲသည့် စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲ အကာအကွယ်ယူပြီး မြို့အပြင်ထွက်နိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

တမူးမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (၈၉)သည် ကလေးမြို့ တပ်ရင်းတစ်ခုဖြင့် တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ကြိုးစားနေသည်။ သို့သော် တမူး-ကလေး အာရှလမ်းမကြီးတစ်လျှောက်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရင်မဆိုင်ရဲ၍ မြို့အပြင်သို့ မထွက်ရဲသေးကြောင်း ​ဒေသခံများက ပြောသည်။

“၈၉ တပ်ထဲနဲ့ တပ်ရှေ့မှာ အသင့်အနေအထားနဲ့ နေနေကြတာ တစ်ပတ်ကျော်ပြီ။ မြို့ပြင်ကို ထွက်ရင် တိုက်ခိုက်ခံရမှာကို သိတော့ မထွက်ရဲကြဘူး။ ဒီရက်ထဲမှာ အရပ်သားတွေရဲ့ ကားတွေကိုချောဆွဲထားတယ်။ အရပ်သားကားတွေနဲ့ ထွက်မယ့်အခြေအနေရှိတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် မြို့ပြင်ထွက်သည်နှင့် တစ်ပြိုင်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေ၍ တမူးမြို့ တပ်ရင်းထဲသို့ ပြန်လည်ဆုတ်ခွာနေရသည်။

Public Service Announcement

Public Service Announcement

“စစ်ခွေးတွေက အရပ်သားတွေကို အကာအကွယ်ယူပြီ တက်လာမယ့်သဘောရှိတယ်။ စစ်ကောင်စီနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးနေဖို့ မေတ္တာရပ်ခံပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တမူးမြို့တွင် စစ်ကောင်စီတပ်သည် မြို့အတွင်း၌သာ လှုပ်ရှားနိုင်ပြီး မြို့ပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည်။ စက်တင်ဘာလအတွင်း တမူးမြို့ပြင်တိုက်ပွဲများတွင် စစ်ကောင်စီအလွန်အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။