Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်း မန္တလေးမှာ ပေါက်ကွဲမှု ဖြစ်ပွား

၂ ဆင့်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာအချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကနဦးစုံစမ်းသိရပါတယ်။

ဧပြီလအတွင်းက ၆၂ လမ်းပေါ်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုအတွင်း ထိခိုက်သွားတဲ့ကားကိုတွေ့ရစဉ် (ပုံဟောင်း)
ဧပြီလအတွင်းက ၆၂ လမ်းပေါ်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုအတွင်း ထိခိုက်သွားတဲ့ကားကိုတွေ့ရစဉ် (ပုံဟောင်း)

သီတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ မနက်ပိုင်းက မန္တလေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ချမ်းအေးသာစံမြို့နယ် ၊ ၆၂ လမ်း လမ်းမပေါ်က လမ်းလယ်ကျွန်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်။

၂ ဆင့်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာအချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကနဦးစုံစမ်းသိရပါတယ်။

“အသံကတော့ တော်တော်အကျယ်ကြီးပဲ ၊ကလေးသိပ်ထားတာ တောင် လန့်နိုးသွားတယ် ၊ပေါက်ကွဲတဲ့အရှိန်က တော်တော်ပြင်းပုံရတယ်”လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းမပေါ် လမ်းလယ်ကျွန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲချိန်ဖြတ်သွားတဲ့ အိမ်စီးကားတစ်စီးထိခိုက်ကာ ကားပေါ်လိုက်ပါလာသူ တွေထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ သီတင်းကျွတ်လပြည့်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး အဘွားအို ၁ဦးသေဆုံးကာ ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြော​ပါတယ်။