Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၊ လက်လုပ်အပါအဝင် သေနတ်နှစ်လက်ရ

အထက်ပါ ပျူစောထီးအဖွဲ့ဝင်ဆိုသူအား ပစ်ခတ်ရှင်း လင်းမှုနှင့် စပ်လျဥ်း၍ အသေးစိပ်သိရှိနိုင်ရန် DGRF ထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၊ လက်လုပ်အပါအဝင် သေနတ်နှစ်လက်ရ
လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၊ လက်လုပ်အပါအဝင် သေနတ်နှစ်လက်ရ

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာမှ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇော်ဝင်းရှိန်ဆိုသူအား ပစ်ခတ်အရေးယူလိုက်ကြောင်း Dawei Guerrilla Revolutionary Force – DGRF က ယနေ့(အောက်တိုဘာ ၉)ထုတ်ပြန်သည်။

ယမန်နေ့ည ၇ နာရီခွဲခန့်က မောင်းမကန်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် မူးယစ်ဆေးဝါးရောင်းဝယ်၍ စစ်ကောင်စီအား ထောက်ပံ့နေသူဟုဆိုသူ ဇော်ဝင်းရှိန်အား DGRF ၊ LLPDF နှင့် T-PDF တို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုတွင် ပျူစောထီးအဖွဲ့ဝင် ဇော်ဝင်းရှိန်ထံမှ 22 သေနတ်တစ်လက်၊ လေသေနတ်တစ်လက်၊ ဓားမြှောင်တစ်ချောင်း၊ ကျပ် (၁၄)သိန်း၊ ကျင်စက်တစ်လုံး၊ မူးယစ်ဆေးဝါးချိန်တွယ်သည့် ကီလိုခုံတစ် လုံးအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အထက်ပါ ပျူစောထီးအဖွဲ့ဝင်ဆိုသူအား ပစ်ခတ်ရှင်း လင်းမှုနှင့် စပ်လျဥ်း၍ အသေးစိပ်သိရှိနိုင်ရန် DGRF ထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

DGRF အနေဖြင့် ထားဝယ်ဒေသအတွင်း မစ်ယစ်ဆေး ဝါးရောင်းဝယ်ခြင်းကို အကြိမ်ကြိမ်စာထုတ်သတိပေးထားပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင်များကို အလျဥ်းသင့်သလို သုတ်သင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။