Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအားကိုးဖြင့် လက်နက်ကိုင်ဆောင် မူးယစ်ဆေးရောင်းနေသူများကို ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီအားကိုးဖြင့် မူးယစ်ဆေးဝါးများပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေသည့်အပြင် ၎င်းတို့ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပါက တစ်ရွာလုံးမီးရှို့ ပြာချမည်ဟု ခြိမ်းခြောက်ထားသူများဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မူးယစ်ဆေး
မူးယစ်ဆေး

▪️လာ​ရောက်စစ်​ဆေးသည့် စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာပြင်းထန်

စစ်ကောင်စီအားကိုးဖြင့် လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးရောင်းနေသူများကို ပစ်ခတ်ရှင်းလင်းပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကာ စခန်းမှူးအပါအဝင် သုံးဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်သည်။

မူးယစ်ဂိုဏ်းဝင်ဖြစ်သူ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာနေသူ ကိုအောင်မင်းထွန်း နှင့် ဇနီးမစန်းစန်းအေးကို ယနေ့(ဇွန် ၁၀ ရက်)နေ့လည် ၂ နာရီခန့်တွင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

၎င်းတို့နေအိမ်အား ဝင်ရောက်စီးနင်းစဥ် WY စိတ်ကြွ ဆေးပြား ၈၀၊ အိုက်စ် ၁၅တောင့် နှင့် တစ်ထုပ်အပါ အဝင် လက်ပစ်ဗုံး၊ရိုင်ဖယ်ကျာ်နှစ်တောင့်နှင့် ပိုက်ဆံ ကျပ်တစ်သိန်း​ကျော်ပါ အထုပ်တစ်ထုပ်ကို သိမ်းဆည်းရမိကြောင်း အသိပေးသည်။

စစ်ကောင်စီအားကိုးဖြင့် မူးယစ်ဆေးဝါးများပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေသည့်အပြင် ၎င်းတို့ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပါက တစ်ရွာလုံးမီးရှို့ ပြာချမည်ဟု ခြိမ်းခြောက်ထားသူများဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ပစ်ခတ်ရှင်းလင်းမှုအပြီး ၁၅မိနစ်အကြာတွင် မောင်းမကန်စခန်းမှူးဦးစီးသည့် ရဲ၊စစ်သားများ ရောက်ရှိချိန်၌ LLPDF နှင့် Dawei Guerrilla Revolutionary Force တို့ ကြိုတင်၍ ပူးပေါင်းထောင်ထားသည့် အင်အားပြင်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထိုဖြစ်စဥ်တွင် စခန်းမှူး ၊ နယ်ထိန်းနှင့်ရဲတပ်သားတစ်ဦးပြင်းထန်ဒဏ်ရာဖြင့်အရေးပေါ်ဌာနရောက်ပြီး နောက် ဆက်တွဲသတင်း စုံစမ်းနေဆဲဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။