Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအားကိုးဖြင့် လက်နက်ကိုင်ဆောင် မူးယစ်ဆေးရောင်းနေသူများကို ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီအားကိုးဖြင့် မူးယစ်ဆေးဝါးများပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေသည့်အပြင် ၎င်းတို့ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပါက တစ်ရွာလုံးမီးရှို့ ပြာချမည်ဟု ခြိမ်းခြောက်ထားသူများဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မူးယစ်ဆေး
မူးယစ်ဆေး

▪️လာ​ရောက်စစ်​ဆေးသည့် စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာပြင်းထန်

စစ်ကောင်စီအားကိုးဖြင့် လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးရောင်းနေသူများကို ပစ်ခတ်ရှင်းလင်းပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကာ စခန်းမှူးအပါအဝင် သုံးဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်သည်။

မူးယစ်ဂိုဏ်းဝင်ဖြစ်သူ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာနေသူ ကိုအောင်မင်းထွန်း နှင့် ဇနီးမစန်းစန်းအေးကို ယနေ့(ဇွန် ၁၀ ရက်)နေ့လည် ၂ နာရီခန့်တွင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

၎င်းတို့နေအိမ်အား ဝင်ရောက်စီးနင်းစဥ် WY စိတ်ကြွ ဆေးပြား ၈၀၊ အိုက်စ် ၁၅တောင့် နှင့် တစ်ထုပ်အပါ အဝင် လက်ပစ်ဗုံး၊ရိုင်ဖယ်ကျာ်နှစ်တောင့်နှင့် ပိုက်ဆံ ကျပ်တစ်သိန်း​ကျော်ပါ အထုပ်တစ်ထုပ်ကို သိမ်းဆည်းရမိကြောင်း အသိပေးသည်။

စစ်ကောင်စီအားကိုးဖြင့် မူးယစ်ဆေးဝါးများပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေသည့်အပြင် ၎င်းတို့ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပါက တစ်ရွာလုံးမီးရှို့ ပြာချမည်ဟု ခြိမ်းခြောက်ထားသူများဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ပစ်ခတ်ရှင်းလင်းမှုအပြီး ၁၅မိနစ်အကြာတွင် မောင်းမကန်စခန်းမှူးဦးစီးသည့် ရဲ၊စစ်သားများ ရောက်ရှိချိန်၌ LLPDF နှင့် Dawei Guerrilla Revolutionary Force တို့ ကြိုတင်၍ ပူးပေါင်းထောင်ထားသည့် အင်အားပြင်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထိုဖြစ်စဥ်တွင် စခန်းမှူး ၊ နယ်ထိန်းနှင့်ရဲတပ်သားတစ်ဦးပြင်းထန်ဒဏ်ရာဖြင့်အရေးပေါ်ဌာနရောက်ပြီး နောက် ဆက်တွဲသတင်း စုံစမ်းနေဆဲဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook