Connect with us

Hi, what are you looking for?

သတင်း

သူရဦးရွှေမန်းရဲ့ UBP ပါတီ ဖျက်သိမ်းတော့မယ်

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ကိုယ်စားလှယ်ပါင်း ၉၀၀ ကျော် ဝင်ပြိုင်ခဲ့ပေမယ့်အနိုင်မရခဲ့ပါဘူး။

Photo - UBP
Photo - UBP

သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဟာ ဖျက်သိမ်းတော့မယ်လို့သိရပါတယ်။

ပါတီဖျက်သိမ်းဖို့အတွက်လည်း လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီလို့သိရပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးစောလှထွန်းကလည်း “ပါတီ မှတ်ပုံတင်ခြင်းကနေ ဖျက်သိမ်းဖို့ဆောင်ရွက်နေပါပြီ” လို့ လူမှုကွန်ရက်ကနေ အသိပေးထားတာတွေ့ရပါတယ်။

သူရဦးရွှေမန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကြံခိုင်ရေးပါတီရဲ့ သန်းကောင်ယံ အာဏာသိမ်းပွဲမှာ ပါတီကနေ ဖယ်ရှားခံရပြီးနောက် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို တည်ထောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ကိုယ်စားလှယ်ပါင်း ၉၀၀ ကျော် ဝင်ပြိုင်ခဲ့ပေမယ့်အနိုင်မရခဲ့ပါဘူး။

ဒါပေမယ့် ရွေးကောက်ပွဲအပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်နိုင်မှုကို အထူးဂုဏ်ပြုကြောင်း သူရဦးရွှေမန်းက လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။