Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ရန် တရားဝင်မှုအပြင် နယ်မြေစိုးမိုးမှုလည်းမရှိဟု NUG ပြော

ထိုသို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲက မြန်မာနိုင်ငံသာမက ဒေသတွင်းတစ်ခုလုံးအား မတည်ငြိမ်မှုကို ပိုမို ဖြစ်ပေါ်လာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်လာစေမည်ဟု ၎င်းကသတိပေးသည်။

(မင်းအောင်လှိုင် ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနေစဉ်၊ဓာတ်ပုံ - CJ)
(မင်းအောင်လှိုင် ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနေစဉ်၊ဓာတ်ပုံ - CJ)

စစ်ကောင်စီအနေဖြင့် လာမည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေသော်လည်း ထိုသို့ရွေးကောက် ပွဲလုပ်ရန် တရားဝင်မှုမရှိသကဲ့သို့ နယ်မြေစိုးမိုးနိုင်မှုလည်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားသည်။

စစ်ကောင်စီတပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းခဲ့သော်လည်း ၂၀၂၀ ရွေးကောက် ပွဲအနိုင်ရကိုယ်စားလှယ်များသည် အခက်အခဲအမျိုးမျိုးကြားမှ လွှတ်တော်ခေါ်ယူပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ တိုင်းဒေသကြီး ပြည်နယ် ကိုယ်စားပြုကော်မတီများလည်း ဖွဲ့စည်းထားကြောင်း NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က သတင်းထောက်၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

“နောက်ထပ် ရွေးကောက်ပွဲတစ်ခုဆိုတာ လိုအပ် တဲ့ကိစ္စမဟုတ်ပါဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲကို လုပ်မယ်ဆိုတဲ့ အစုအဖွဲ့ပေါ့နော်။ ဒီစစ် ကောင်စီဟာ ရွေးကောက်ပွဲတစ်ခုကို လုပ်ရလောက်နိုင်တဲ့ တရားဝင်မှု ရှိသလားပေါ့။ တရားဝင်မှု လုံး၀မရှိဘူး။ ဘယ်လိုပဲ တရားဝင်မှုရှိရှိ ၊မရှိရှိ ဘယ်သူမှ လက်ခံခံ၊ မခံခံ လုပ်မယ်ကွာလို့ ပြောရင်ရော တကယ်လုပ်နိုင်တဲ့ နယ်မြေစိုးမိုးမှု တစ်နိုင်ငံလုံးကို သူတို့ ရွေးကောက်ပွဲလုပ်နိုင်မှာလား။ မလုပ်နိုင်ပါဘူး။ ဘယ်နေရာမှာမှ တိတိပပ ရွေးကောက်ပွဲကို လုပ်နိုင်ဖို့ အခြေအနေမရှိပါဘူး”ဟု ဦးနေဘုန်းလတ်က ပြောသည်။

NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက “တချို့လူတွေ စဉ်းစားတာရှိမယ်။ ဒီဟာ ထွက်ပေါက် လေး တစ်ခုပေါ့။ ဒီဟာပဲ အဖြေလေးတစ်ခုလား ထွက်ပေါက်လေးတစ်ခုလား ဒီရွေးကောက်ပွဲ မဟုတ်မမှန်တဲ့ အလိမ်အညာရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုကို ပေးနိုင်မှာမဟုတ်ဘူး”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲက မြန်မာနိုင်ငံသာမက ဒေသတွင်းတစ်ခုလုံးအား မတည်ငြိမ်မှုကို ပိုမို ဖြစ်ပေါ်လာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်လာစေမည်ဟု ၎င်းကသတိပေးသည်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ တို့ အနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် နိုင်ငံရေးလမ်းပြမြေပုံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အခြေခံဥပဒေသစ် ရေးဆွဲသွားရန်ရှိပြီး ယင်းသို့ ပေါ်ပေါက်လာပြီးနောက် ပြည်သူလူထုအားလုံး၏ ဆန္ဒနှင့်အညီ ကျင်းပသည့် ရွေးကောက်ပွဲသည်သာလျင် တရားဝင်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ထိုသို့ ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲရလဒ်ကသာလျင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ခြေဖျက်လို့ရမည်ဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

(မင်းအောင်လှိုင် ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနေစဉ်၊ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်