Connect with us

Hi, what are you looking for?

News

စစ်ကောင်စီစစ်ကူတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့၍ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိဟု MNDAA ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရခြင်းမှာ မုံးကိုဒေသသို့ စစ်ကူတပ်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်ဖွဲ့က ပန်ဆိုင်းနှင့် နမ့်ဟူးကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာ သိမ်းစစ်ကောင်စီတပ်တို့ ဩဂုတ် ၃၀ရက်က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၏ ရုပ်ပုံကိုပါ ဖော်ပြခဲ့သည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ မုံးကိုဒေသသို့ စစ်ကူတပ်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်ဖွဲ့က ပန်ဆိုင်းနှင့် နမ့်ဟူးကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ် ၂၈ရက်ကလည်း မုံးကိုးဒေသ၌တိုက်ပွဲများ ပြင်းထန်ခဲ့ရာစစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံးခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၂၆ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၄ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်မှာ ၂လခန့်ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။