Connect with us

Hi, what are you looking for?

သတင်း

မိုင်းထိစစ်သားများသယ်လာသည့် ယာဥ်ထပ်မံတိုက်ခိုက်ခံရပြီး ငါးဦးသေဟုဆို

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

အာဏာသိမ်းစကာလက မုံရွာမြို့ပေါ်တွင် ဆန္ဒပြ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီအုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-Monywa Citizen Journalist
အာဏာသိမ်းစကာလက မုံရွာမြို့ပေါ်တွင် ဆန္ဒပြ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီအုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-Monywa Citizen Journalist

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် တိုက်ခိုက်ခံရ၍ ထိခိုက်သူများအား သယ်လာသော စစ်ကောင်စီတပ်ယာဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးကြောင်း မုံရွာမြို့နယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywaအဖွဲ့က ပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁၁ ရက်) ည ၇ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ချောင်းဦးမှ မုံရွာမြို့ဘက်သို့ ထိခိုက်ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်သားများအား တင်ဆောင်လာသော စစ်ကားကြီးတစ်စီးအား ပဒေသာမိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywaအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Daung Karyan က ​ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားမှန်များကွဲကြေ၍ ကြောက်လန့်တကြား မောင်းပြေးသွားကြပြီး မုံရွာမြို့သို့အရောက် သေလုမျောပါးဒဏ်ရာရထားသူများအနက် ငါးဦးသေဆုံးခဲ့ကြောင်း၊ ထပ်မံထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Daung Karyan က ​ပြောသည်။

“မနေ့ကနေ့လယ်က မိုင်းအဆွဲခံရပြီးဒဏ်ရာရတဲ့သူတွေသယ်လာတဲ့ကားပါ။”ဟု PDF-South Monywa ပြောရေးဆိုခွင့်ရှိသူ Daung Karyan က ​ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။