Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်း ​လေးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ CDMပြုလုပ်ရန်သတိပေးပြီးနောက် တစ်လအတွင်းCDMလုပ်လာသူ ၄၀၀ ခန့်ရှိ

ပင်လယ်ဘူးမြို့နယ်ရုံး အနီးဝန်းကျင်ရှိ ကျေးရွာများမှစုစည်း ရရှိသောစာရင်း ဖြစ်ပြီး အရေအတွက် ပိုလာနိုင်ကြောင်းလည်းPeople’s Spring ၏​ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီလလယ်တွင်စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အစိုးရဝန်ထမ်းများ CDM လုပ်ကြရန် ဆန္ဒထုတ်​ဖော်​နေ​သောပြည်သူများ။ဓါတ်ပုံ-AFP)
(၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီလလယ်တွင်စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အစိုးရဝန်ထမ်းများ CDM လုပ်ကြရန် ဆန္ဒထုတ်​ဖော်​နေ​သောပြည်သူများ။ဓါတ်ပုံ-AFP)

▪︎အခြားမြို့နယ်များတွင်လည်း CDMပြုလုပ်သူဆက်တိုက်တိုး​နေပြီးအများစုမှာ ပညာရေး၊ ကျန်းမာရေးနှင့်ထွေအုပ်တို့ဖြစ်

စစ်ကိုင်းတိုင်း၌ စစ်ကောင်စီလက်​အောက်တွင်တာဝန်ထမ်း​နေ​​သောဝန်ထမ်းများကို အလင်းဝင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက်စက်တင်ဘာလဒုတိယပါတ်တွင်နောက်ဆုံးသတိပေးကြေညာချက်များ ထုတ်ပြန်ပြီးနောက်ထီးချိုင့်၊ ပင်လယ်ဘူး၊ ဝန်းသိုနှင့် ကသာမြို့နယ်များရှိ Non-CDM ဝန်ထမ်း ၄၀၀ ခန့် CDM ပြုလုပ်လာကြောင်း စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဝန်းသိုမြို့နယ်တွင် စက်တင်ဘာ ၁၂ရက်က Non-CDMများ အလင်းဝင်ရန် အမိန့်ထုတ်ပြီးနောက် ပညာရေး ဝန်ထမ်း ၁၄၀ အပါအဝင် ဌာနာ ၈ခုမှ ဝန်ထမ်း ၁၆၁ဦး CDM ပြုလုပ်လာသည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့မှသိရသည်။ ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ်၊ မီးရထား၊ သစ်တော၊ မီးသတ်၊ စာရင်းစစ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဌာနတို့မှတာဝန်ရှိသူများ​ဖြစ်​ကြောင်းသိရသည်။

ထို့ပြင် ကသာမြို့နယ်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ် တို့မှ Non-CDM ဝန်ထမ်း ၄၅ဦး CDM ပြုလုပ်လာသကဲ့သို့ ပင်လည်ဘူးမြို့နယ် တွင်လည်း ဝန်ထမ်း ၇၄ဦး CDM ပြုလုပ်လာခဲ့သည်ဟုတာဝန်ရှိသူက​ပြောသည်။ အဆိုပါ ၇၄ဦးတို့သည် စိုက်ပျိုးရေး၊ ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မြေစာရင်း၊ လျှပ်စစ်၊ သစ်တောနှင့် ပညာရေးဌာနများမှ ဖြစ်သည်။

ပင်လယ်ဘူးမြို့နယ်ရုံး အနီးဝန်းကျင်ရှိ ကျေးရွာများမှစုစည်း ရရှိသောစာရင်း ဖြစ်ပြီး အရေအတွက် ပိုလာနိုင်ကြောင်းလည်းPeople’s Spring ၏​ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နယ်မှ သတင်းရင်းမြစ်ကလည်း “ ကျွန်တော်တို့ဆီမှာလည်း ၁၀၀ ကျော်တယ်။ အခြားမြို့နယ် တော်တော်များများလည်း ဝင်ကြတယ်။ တစ်ရာကျော်တွေချည်းပဲ။ အများအားဖြင့် ပညာရေးတွေပေါ့။ ပညာရေးက နံပါတ်တစ် အဓိက အများဆုံး။ ကျန်းမာရေးနဲ့ ထွေအုပ်က တချို့ရှိတယ်။ အခြားဌာနတွေကတော့ နည်းပါတယ်” ဟု ပြောသည်။

ယခု ဖိတ်ခေါ်မှုသည် စစ်ကောင်စီထောက်တိုင်အဖြစ် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို နောက်ဆုံး အခွင့်အရေးပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“CDM ဝင်ဖို့ ခေါ်တယ်။ အခုချိန် အလင်းဝင်ဖို့ ခေါ်တယ်ဆိုတာ သူတို့ကို အခွင့်အရေးပေးတာ။ တချိန်မှာ တော်လှန်ရေးပြီးသွားလို့ NUG အစိုးရ လည်ပတ်တဲ့အခါ သူတို့အတွက် နောက်ဆက်တွဲ NUG အစိုးရ အရေးယူမှုတွေမပါလာအောင် သူတို့ အတွက် အခွင့်အရေးပေးပြီး ဖိတ်ခေါ်တာပါ။

နောက်ဆုံးအနေနဲ့ စစ်ကောင်စီ ထောက်တိုင်ကိုလည်း ဖြုတ်ရင်း သူတို့အတွက်ကိုလည်း အခွင့်အရေးပေးပြီး နောက်ဆုံးဖိတ်ခေါ်တာပါ” ဟု ထီးချိုင့်မြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။

ယခုကဲ့သို့ Non-CDM ဝန်ထမ်းအများအပြား CDM ပြုလုပ်နေချိန်တွင် စစ်ကောင်စီတပ်ကလည်း CDM ကူညီရေးအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ထိုးနှက်တိုက်ခိုက်သည့် ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိသည်။ CDM ဝင်ပြီး စစ်ကောင်စီတပ်ထံ ပြန်ရောက်လာသည့် ဗိုလ်မှူးမျိုးမင်း ထွန်းအား စစ်ကောင်စီက ၎င်းတို့ ပြောကြားခိုင်းလိုသည်များကို ပြောဆိုခိုင်းထားသည့် ရုပ်သံဖိုင်ကို စစ်ကောင်စီလက်အောက်ခံ မီဒီယာနှင့် ဝါဒဖြန့်ချန်နယ်များမှ တဆင့်ဖြန့်ချိခဲ့သည်။

ထိုသို့ CDM လုပ်ပြီးမှ Non-CDM ပြန်ဖြစ်သွားသည့် ဖြစ်စဉ်အချို့နှင့်ပတ်သတ်ပြီးမျှော်လင့်ထားပြီးသားဖြစ်ကြောင်း၊ တော်လှန်ရေး၌ အခက်အခဲများစွာ ရှိသော်လည်း နည်းမျိုးစုံဖြင့် ကြံ့ကြံ့ခံရပ်တည်နေသည့် CDMများစွာရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သတင်းနှင့်ပြန်ကြားရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးနေဘုန်းလတ်ကယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“တပ်က၊ ရဲက အခုလို Non-CDM ပြန်ဖြစ်သွားသူရှိသလို အခုအချိန်ထိ CDM လုပ်နေတယ် တော်လှန်ရေးစကတည်းက တောက်လျှောက် တော်လှန်ရေးမှာလည်း အများကြီး ထဲထဲဝင်ဝင် ပါနေတဲ့ တပ်၊ ရဲ CDMတွေအများကြီးပါ။ တချို့ဆို တော်လှန်ရေးဘက်က ပြန်ပြီးတော့တိုက်ပွဲဝင်ပြီး အသက်တောင် မြင့်မြတ်စွာ စွန့်လွှတ်သွားတဲ့ တပ်၊ ရဲ CDMတွေလည်းရှိနေပါတယ်” ဟု ဦးနေဘုန်းလတ်ကဆက်ပြောသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ်များ အနေဖြင့် အမျိုးသာညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ Non-CDM ဝန်ထမ်းများ အလင်းဝင်ရန် ကြေညာချက်များကို စက်တင်ဘာလအတွင်း၌ မြို့နယ်အသီးသီးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။