Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းထိစစ်သားများသယ်လာသည့် ယာဥ်ထပ်မံတိုက်ခိုက်ခံရပြီး ငါးဦးသေဟုဆို

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

အာဏာသိမ်းစကာလက မုံရွာမြို့ပေါ်တွင် ဆန္ဒပြ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီအုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-Monywa Citizen Journalist
အာဏာသိမ်းစကာလက မုံရွာမြို့ပေါ်တွင် ဆန္ဒပြ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီအုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-Monywa Citizen Journalist

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် တိုက်ခိုက်ခံရ၍ ထိခိုက်သူများအား သယ်လာသော စစ်ကောင်စီတပ်ယာဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးကြောင်း မုံရွာမြို့နယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywaအဖွဲ့က ပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁၁ ရက်) ည ၇ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ချောင်းဦးမှ မုံရွာမြို့ဘက်သို့ ထိခိုက်ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်သားများအား တင်ဆောင်လာသော စစ်ကားကြီးတစ်စီးအား ပဒေသာမိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywaအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Daung Karyan က ​ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားမှန်များကွဲကြေ၍ ကြောက်လန့်တကြား မောင်းပြေးသွားကြပြီး မုံရွာမြို့သို့အရောက် သေလုမျောပါးဒဏ်ရာရထားသူများအနက် ငါးဦးသေဆုံးခဲ့ကြောင်း၊ ထပ်မံထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Daung Karyan က ​ပြောသည်။

“မနေ့ကနေ့လယ်က မိုင်းအဆွဲခံရပြီးဒဏ်ရာရတဲ့သူတွေသယ်လာတဲ့ကားပါ။”ဟု PDF-South Monywa ပြောရေးဆိုခွင့်ရှိသူ Daung Karyan က ​ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။