Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများမှာ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သော စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ယင်းနိုင်ငံများအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်များ၊ ဆက်စပ်နည်းပညာများနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံမှတဆင့် အောက်တိုဘာ ၁၁ရက်တွင် တောင်းဆိုသည်။

စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး
စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများကို အမည်တပ် ပြောကြားခြင်းမရှိသော်လည်း မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ တောင်းဆိုမှုများကို မသိကျိုးကျွန်ပြုကာ တရားမဝင်အာဏာသိမ်းစစ်တပ်ထံသို့ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေသောနိုင်ငံများ ရှိနေကြောင်း ၎င်းက ညီလာခံသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး
စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး

အဆိုပါနည်းလမ်းဖြင့်ရရှိသော လက်နက်များကို အသုံးပြု၍ စစ်တပ်သည် အပြစ်မဲ့မြန်မာပြည်သူများအပေါ် ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း ဆက်ပြောသည်။

ထို့အပြင် စက်တင်ဘာ ၁၆ ရက်က စစ်တပ်သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို ရဟတ်ယာဉ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့စွာ ပညာသင်ကြားနေသည့် ကလေးငယ် (၇) ယောက်အပါအဝင် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ရကြောင်းနှင့် စစ်တပ်သည် ယင်းကဲ့သို့ လူမဆန်သောရက်စက်မှုများကို ပထမအကြိမ်၊ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် ကျူးလွန်နေခြင်း မဟုတ်သကဲ့သို့ နောက်ဆုံးအကြိမ် ကျူးလွန်နေခြင်းလည်း မဟုတ်ကြောင်း သံအမတ်ကြီးက ကုလညီလာခံသို့ ထပ်မံအစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။