Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်လောင်းခေါ်ယူမှု အချိန်တစ်လထပ်မံတိုးမြှင့်

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာတွေကို ထုတ်ပေး၊ တင်သွင်းခြင်းကို ဩဂုတ် ၃၁ ရက်နောက်ဆုံး ထုတ်ယူ၊ တင် သွင်းဖို့ကြေညာခဲ့ပေမယ့် စက်တင်ဘာ ၃၀ အထိ ထပ်မံရက်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့တက္ကသိုလ်သုံးခုဗိုလ်လောင်းလျှောက်လွှာထုတ်ပေး၊ တင်သွင်းခြင်းကို တစ်လသက်တမ်းတိုးမြှင့်တယ်လို့ ဝါဒဖြန့်သတင်းစာတွေကနေ ဒီနေ့ကြေညာပါတယ်။

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာတွေကို ထုတ်ပေး၊ တင်သွင်းခြင်းကို ဩဂုတ် ၃၁ ရက်နောက်ဆုံး ထုတ်ယူ၊ တင် သွင်းဖို့ကြေညာခဲ့ပေမယ့် စက်တင်ဘာ ၃၀ အထိ ထပ်မံရက်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီလို တစ်လအချိန်တိုးမြှင့်တာနဲ့ပတ်သက်လို့ အကြမ်း ဖက်စစ်တပ်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအရလို့ အကြောင်းပြထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာပြည်သူတွေကြားမှာ မုန်းတီးရွံရှာမှုကိုခံနေရတဲ့ အကြမ်းဖက်စစ်တပ်ထဲကို ဝင်ရောက်လိုသူ နည်းပါးနေတာကြောင့် အခုလို ရက်တိုးမြှင့်တာဖြစ် တယ်လို့ လူမှုကွန်ရက်မှာ ပြည်သူတွေက ရေးသားသုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းအပြီးကတည်းက ၄နှစ်ကျော်ကြာ လုံခြုံရေးကြောင့် အပြင်မထွက်ရဲတဲ့ ပြင်ဦးလွင်မြို့က စစ်တပ်ရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မ​တော်နည်းပညာတက္ကသိုလ် (DSTA)က ဗိုလ်လောင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။

သတင်း

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် သြဂုတ်လ၂၃ရက်နေ့ညက လေကြောင်းတိုက်ခိုက်ပြီးနောက် ကျွန်းလှမြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

Trending

Facebook