Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်တပ်အပေါ် အရေးယူရန်ပျက်ကွက် နေမှုများကြောင့် နေ့စဥ်သတ်ဖြတ်ခံမှုများ မြန်မာပြည်သူများ ကြုံတွေ့နေရဟု နိုင်ငံတကာကို CRPH ပြစ်တင်

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ် ၂စီး ၂၀၁၉ က မိတ္ထီလာ​လေတပ်တွင် စစ်​ရေး​လေ့ကျင့်စဥ်။ ဓာတ်ပုံ - စစ်​တပ်)
(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ် ၂စီး ၂၀၁၉ က မိတ္ထီလာ​လေတပ်တွင် စစ်​ရေး​လေ့ကျင့်စဥ်။ ဓာတ်ပုံ - စစ်​တပ်)

နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်လူသတ်စစ်တပ်အပေါ် အရေးယူရန် ပျက်ကွက်နေမှုများကြောင့် နေ့စဥ်အကြမ်းဖက်သတ်ဖြတ်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဝေဖန်ပြစ်တင်သည်။

ယမန်နေ့ ညပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကချင်အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ အပါအဝင် သေဆုံးထိခိုက်အများအပြားရှိခဲ့ခြင်းအပေါ် CRPH က သဘောထားထုတ်ပြန်ခဲ့ရာ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

ဆက်လက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူများ၏ အသက်နှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရန်၊ ရာဇဝတ်မှုကျူးလွန်သူများကို အမြန်ဆုံး အရေးယူနိုင်ရေးတို့အတွက် မိမိတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးရန် CRPH က လေးလေးနက်နက် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအပေါ် အကာအကွယ်ပေးရန် တာဝန် ပျက်ကွက်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက် လူသတ်စစ်တပ် အပေါ် အရေးယူရန် ပျက်ကွက်နေမှုများကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အရေး ကြိုးပမ်းနေသည့် မြန်မာပြည်သူများသည် ရက်စက်သော အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကို နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသည်ဟု ဖော်ပြသည်။

မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှု နောက်ပိုင်းတွင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တို့၌လည်း လေကြောင်း အင်အားသုံး၍ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့်နည်းတူ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာနေ ပြည်သူများအား မဟုတ်မမှန် စွပ်စွဲဖမ်းဆီးခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခြင်းများကဲ့သို့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်နေကြောင်း CRPH က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

Facebook