Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး တချီတည်းရုန်းတိုက်ခိုက်ရန် NUG ခေါင်းဆောင်များ တိုက်တွန်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး တချီတည်းရုန်းတိုက်ခိုက်ရန် NUG ခေါင်းဆောင်များ တိုက်တွန်း
အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး တချီတည်းရုန်းတိုက်ခိုက်ရန် NUG ခေါင်းဆောင်များ တိုက်တွန်း

▪︎“နောက်မျိုးဆက်တွေအတွက် ဖက်ဆစ်စစ်တပ်ရဲ့သံသရာကို ကျနော်တို့ လက်ထဲမှာပဲ အဆုံးသတ်ပေးဖို့ ကျနော်တို့အားလုံးဝိုင်းဝန်းကြိုးစားကြပါစို့”

▪︎စစ်တပ်၏ရက်စက်ယုတ်မာမှုများကိုအမြဲသတိရပြီး ပြည်သူ့အကျိုးစီးပွားကိုကာကွယ်ပေးရန် တိုင်းရင်းသားခေါင်းဆောင်များအာ မေတ္တာရပ်ခံ

ပြည်သူလူထု၏ စုပေါင်းအားဖြင့် နည်းမျိုးစုံဆန့်ကျင်ခဲ့၍ လက်ရှိအချိန်သည် အကြမ်းဖက်စစ်တပ်၏ အင်အားအချိနဲ့ဆုံးအချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

“ အဲ့ဒီထဲမှာ အထင်ရှားဆုံးကတော့ ပြည်သူ့ကြားက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ အင်အားစုတွေ ခိုင်ခိုင်မာမာ အင်နဲ့အားနဲ့ ပေါ်ထွက်လာ သလို၊ တဖက်မှာလည်း ဌာနဆိုင်ရာ အသီးသီးကနေပြီး CDM လုပ်ကာ စစ်တပ်ရဲ့ အာဏာရူးမှုကို ဆန့်ကျင်ကြတာပါပဲ။ ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်လို့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေက CDM လုပ်ပြီး တပ်ကိုစွန့်ခွာခဲ့ကြတဲ့ အရေအတွက် အများကြီး ရှိနေပြီဖြစ်သလို၊ တနေ့တခြားလည်း ပိုတိုးလို့ လာနေပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဖုံးဖိမရတော့တဲ့ သူ့ရဲ့ ကြောက်စိတ်ကို ဖုံးကွယ်ဖို့ သွေးရူးသွေးတန်းနဲ့ ပြောနေ လုပ်နေတာကို တွေ့နေရတာလည်း ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး တချီတည်းရုန်းတိုက်ခိုက်ရန် NUG ခေါင်းဆောင်များ တိုက်တွန်း
အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး တချီတည်းရုန်းတိုက်ခိုက်ရန် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ သွေးရူးသွေးတန်းလုပ်ဆောင်မှုများသည် နိုင်ငံတကာ တရားစီရင်ရေး မျက်နှာစာကို ရောက်လာသည့် သက်သေအထောက်အထားများ ဖြစ်လာမည်ဟုလည်း ယာယီသမ္မတက ပြောသည်။

ယနေ့ ပြုလုပ်သည် အစိုးရ အဖွဲ့အစည်းအဝေးတွင် NUG ခေါင်းဆောင် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က စစ်ရေးဖိအားအပါအဝင် ဘက်ပေါင်းစုံအကြပ်အတည်းကြုံနေသည့် စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများက လက်တွဲညီညီ တိုက်ခိုက်ရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်လုပ်ရပ်များ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ကောင်စီက ပိုလုပ်လာနိုင်၍ ပြည်သူများ သတိကြီးစွာထားနေထိုင်ကြရန်လည်း ယာယီသမ္မတက သတိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များအကြား ရှိပြီးဖြစ်သည့် နားလည်မှုများကို ဖျက်ဆီးပြီး အမျိုးမျိုးသော နည်းလမ်းများဖြင့် သွေးခွဲသပ်လျှိုရန် ကြိုးစားနေသည်ဟု ၎င်းကဆိုသည်။

“ဒါကို ကျနော်တို့အားလုံး သတိကြီးကြီးထားကြဖို့လိုပါတယ်။ ကိုယ့်ကို ခေါင်းဆောင်အဖြစ်တင်မြှောက်ထားတဲ့ ကိုယ့်ဒေသက ပြည်သူတွေခံစားနေရ၊ ခံစားခဲ့ရတဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အမြဲသတိရကြပါ။ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားကြပါ။ ကိုယ့်အာဏာ၊ ကိုယ့်ကိုယ်ကျိုးထက် နိုင်ငံရေးဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဒေသက ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြပါလို့ ထပ်မံ မေတ္တာရပ်ခံလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နောက်မျိုးဆက်များအတွက် ဖက်ဆစ်တစ်တပ်၏ သံသရာကို လက်ရှိကာလ၌ အဆုံးသတ်ပေးနိုင်ရေး အားလုံးဝိုင်းကြိုးစားကြရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။

“ မြို့ပြမှာရော၊ ပြည်နယ်တွေမှာပါ တော်လှန်ရေးဘက်တော်သားတွေရဲ့ စစ်ရေးဖိအားဒဏ်ခံနေရပြီး နိုင်ငံခြားငွေ သိသိသာသာ ရှားပါးလာနေပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ နေဝင်ချိန်ရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ တသံတည်းညီ တချီတည်းရုန်း နိုင်ကြပြီဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အရေးတော်ပုံကြီးဟာ မုချအောင်မြင်မှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။