Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနယ်စပ်ရှိ အောင်ချမ်းသာရွာကို အကြမ်းဖက်စစ်တပ် မီးရှိူ့ဖျက်ဆီးနေ

အကြမ်းဖက်စစ်တပ်သည် သြဂုတ်လ၂၃ရက်နေ့ညက လေကြောင်းတိုက်ခိုက်ပြီးနောက် ကျွန်းလှမြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

(သုံးမြို့နယ် နယ်စပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(သုံးမြို့နယ် နယ်စပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

ကျွန်းလှအနောက်ခြမ်း ဖုန်းလိုင်းများဖြတ်တောက်ကာ လေကြောင်းပစ်ခတ်နေ

​ကောလင်း၊ကန့်ဘလူ၊ ကျွန်းလှသုံးမြို့နယ်နယ်စပ်ရှိ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကို ယနေ့နံနက်ပိုင်းတွင် စစ်​ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာလေးရွာမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ၂၃ရက်နံနက်ပိုင်းကစစ်ကိုင်းတိုင်း ကန့်ဘလူ၊​​ကောလင်း၊ကျွန်းလှမြို့နယ် အစပ်၌ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်စစ်​ကောင်စီတပ် ၄၀ ​ကျော်​သေဆုံးပြီး စစ်တပ်အရာရှိ ၃ ဦးအဖမ်းခံရကာ လက်နက်ခဲယမ်း ၂၀ ​ကျော်ကို PDF များကသိမ်းဆည်းနိုင်ခဲ့သည်။

ထိုသို့အထိနာပြီး​နောက်အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာအနီးရှိ အောင်ချမ်းသာရွာကို ယမန်နေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကပထမအကြိမ်မီးရှို့ခဲ့သည်။

ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၇နာရီကျော်ခန့်ကလည်း အောင်ချမ်းသာရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် မီးရှို့နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“မြေပြင်အခက်အခဲကြောင့် ဆုံးရှုံးမှု မသိရသေးခင်၊ယခု ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခြင်းပါဗျ။နောက်ထပ် စစ်

ကြောင်းတစ်ကြောင်းက ပေတပင်ရွာဘက် ဦးတည်နေတယ်လို့ ကနေဦးမြေပြင်သတင်းရပါတယ်။အဲ့ဒီဘက်မှာစစ်

ကြောင်းထိုးလာတာကြောင့် အောင်ချမ်းသာ၊ရွာသစ်၊လက်ခုပ်ပင်နှင့်‌ ပေတပင်ရွာ(၄)ရွာမှ ပြည်သူတွေ အိုးအိမ်စွန့်ခွါပြီး တိမ်းရှောင်နေရပါတယ်‌ဗျ။”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် သြဂုတ်လ၂၃ရက်နေ့ညက လေကြောင်းတိုက်ခိုက်ပြီးနောက် ကျွန်းလှမြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

သြဂုတ်လ ၂၄ရက် နေ့ခင်းပိုင်းမှစ၍ ကျွန်းလှ အနောက်ခြမ်း ဝေလမူရွာ ကို Mi35 တစ်စင်း Mi 17ထောက်ပို့ ၂စင်းဖြင့် ၄ခေါက်တိတိ အကြမ်းဖက်စစ်သားများ ချသွားပြီး ရွာအတွင်း အကြမ်းဖက်ဖြိုခွင်းနေကြောင်း Infinity Group က ဖော်ပြသည်။

“ဝေလမူရွာသည် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်မှာ ယခုအကြိမ်ရောဆို နှစ်ကြိမ်ရှိပြီဖြစ်သည်။ အထိခိုက်စာရင်းများမှာ ဆက်သွယ်ရေးလိုင်းများ အားလုံး ဖြတ်တောက်ထားခြင်းကြောင့် အတိအကျ မသိရသေးပါ။”ဟု Infinity Group ကအသိပေးသည်။

(သုံးမြို့နယ် နယ်စပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က လွှတ်‌တော်ခေါ်နေချိန် စစ်ကိုင်းတိုင်းမှာ ၁၁ရက်အတွင်း အရပ်သား ၁၀၀ ကျော်ကို ဗုံးကြဲသတ်ဖြတ်

သတင်း

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

ဖေဖော်ဝါရီ-၈၊၂၀၂၆။ဆိုင်းမင်း/People’s Spring စစ်ကိုင်းတိုင်း ၊ကောလင်းမြို့နယ် အနောက်ပိုင်းက ကျောက်ကာရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီး တစ်ဦးကို မနေ့ (ဖေဖော်ဝါရီလ ၇ ရက်) မနက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးမိတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ကောလင်းတော်လှန်ရေး( Kawlin Revolution KR) ကထုတ်ပြန်လာပါတယ်။ တပ်ကြပ်ကြီး ထူးထူးနိုင် ဆိုသူ ဖမ်းခံရတာဖြစ်ပြီး...