Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနယ်စပ်ရှိ အောင်ချမ်းသာရွာကို အကြမ်းဖက်စစ်တပ် မီးရှိူ့ဖျက်ဆီးနေ

အကြမ်းဖက်စစ်တပ်သည် သြဂုတ်လ၂၃ရက်နေ့ညက လေကြောင်းတိုက်ခိုက်ပြီးနောက် ကျွန်းလှမြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

(သုံးမြို့နယ် နယ်စပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(သုံးမြို့နယ် နယ်စပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

ကျွန်းလှအနောက်ခြမ်း ဖုန်းလိုင်းများဖြတ်တောက်ကာ လေကြောင်းပစ်ခတ်နေ

​ကောလင်း၊ကန့်ဘလူ၊ ကျွန်းလှသုံးမြို့နယ်နယ်စပ်ရှိ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကို ယနေ့နံနက်ပိုင်းတွင် စစ်​ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာလေးရွာမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ၂၃ရက်နံနက်ပိုင်းကစစ်ကိုင်းတိုင်း ကန့်ဘလူ၊​​ကောလင်း၊ကျွန်းလှမြို့နယ် အစပ်၌ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်စစ်​ကောင်စီတပ် ၄၀ ​ကျော်​သေဆုံးပြီး စစ်တပ်အရာရှိ ၃ ဦးအဖမ်းခံရကာ လက်နက်ခဲယမ်း ၂၀ ​ကျော်ကို PDF များကသိမ်းဆည်းနိုင်ခဲ့သည်။

ထိုသို့အထိနာပြီး​နောက်အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာအနီးရှိ အောင်ချမ်းသာရွာကို ယမန်နေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကပထမအကြိမ်မီးရှို့ခဲ့သည်။

ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၇နာရီကျော်ခန့်ကလည်း အောင်ချမ်းသာရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် မီးရှို့နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“မြေပြင်အခက်အခဲကြောင့် ဆုံးရှုံးမှု မသိရသေးခင်၊ယခု ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခြင်းပါဗျ။နောက်ထပ် စစ်

ကြောင်းတစ်ကြောင်းက ပေတပင်ရွာဘက် ဦးတည်နေတယ်လို့ ကနေဦးမြေပြင်သတင်းရပါတယ်။အဲ့ဒီဘက်မှာစစ်

ကြောင်းထိုးလာတာကြောင့် အောင်ချမ်းသာ၊ရွာသစ်၊လက်ခုပ်ပင်နှင့်‌ ပေတပင်ရွာ(၄)ရွာမှ ပြည်သူတွေ အိုးအိမ်စွန့်ခွါပြီး တိမ်းရှောင်နေရပါတယ်‌ဗျ။”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် သြဂုတ်လ၂၃ရက်နေ့ညက လေကြောင်းတိုက်ခိုက်ပြီးနောက် ကျွန်းလှမြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

သြဂုတ်လ ၂၄ရက် နေ့ခင်းပိုင်းမှစ၍ ကျွန်းလှ အနောက်ခြမ်း ဝေလမူရွာ ကို Mi35 တစ်စင်း Mi 17ထောက်ပို့ ၂စင်းဖြင့် ၄ခေါက်တိတိ အကြမ်းဖက်စစ်သားများ ချသွားပြီး ရွာအတွင်း အကြမ်းဖက်ဖြိုခွင်းနေကြောင်း Infinity Group က ဖော်ပြသည်။

“ဝေလမူရွာသည် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်မှာ ယခုအကြိမ်ရောဆို နှစ်ကြိမ်ရှိပြီဖြစ်သည်။ အထိခိုက်စာရင်းများမှာ ဆက်သွယ်ရေးလိုင်းများ အားလုံး ဖြတ်တောက်ထားခြင်းကြောင့် အတိအကျ မသိရသေးပါ။”ဟု Infinity Group ကအသိပေးသည်။

(သုံးမြို့နယ် နယ်စပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

သတင်း

ကျွန်းလှမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်က စစ်ကောင်စီအခိုင်အမာတပ်စွဲထားသော ဆင်စွယ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း

အမှတ်(၁) စစ်ဒေသစစ်ဒေသမှူးအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်းက တာဝန်ယူထားကာ ခရိုင်ကွပ်ကဲရေးမှူးများအဖြစ် KIA အရာရှိများက တာဝန်ယူထားခြင်းဖြစ်သည်။

သတင်း

သတင်းထုတ်ပြန်ချက်နှင့်အတူ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များနှင့် ခဲယမ်း ကျည်များကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ပြသခဲ့သည်။