Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ လူငယ် ၅ ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်တပ် သတ်ဖြတ်

အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ပြီးသတ်ဖြတ်ခံထားရတာဖြစ်ကာ ခေါင်းမှာ ကျည်ထိမှန်ထားတာတွေ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပြပါတယ်။

ငါန်းဇွန်မှာ လူငယ် ၅ ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်တပ် သတ်ဖြတ်
ငါန်းဇွန်မှာ လူငယ် ၅ ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်တပ် သတ်ဖြတ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာနားမှာ သတ်ဖြတ်ထားတဲ့ လူငယ် ရုပ်အလောင်း ၅ လောင်းကို စစ်တပ်က ညပိုင်း လာစွန့်ပစ်သွားပြီး မနက်ပိုင်းမှာပြန်သယ်သွားတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။

အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ပြီးသတ်ဖြတ်ခံထားရတာဖြစ်ကာ ခေါင်းမှာ ကျည်ထိမှန်ထားတာတွေ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပြပါတယ်။

စွန့်ပစ်ထားတဲ့အလောင်း ၅ လောင်းမှာ ၁၈ နှစ်ဝန်းကျင် အမျိုးသမီး ၁ ဦး လည်းပါဝင်တယ်လို့သိရပါတယ်။

အလောင်းတွေကိုအောက်တိုဘာလ ၁၇ ရက်ညပိုင်းက သေနတ်တွေဖောက်ပြီး စစ်ကားတွေနဲ့ လာပစ်သွားတာဖြစ်ကာ နောက်တစ်နေ့ မနက်ပိုင်း မှာ စစ်ကားတွေနဲ့ပဲ ပြန်သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေဟာ ကုလကျေးရွာက ဒေသခံတွေ မဟုတ်ဘူးလို့လည်းသိရပါတယ်။

ဒါဟာ ကုလ ရွာကို စစ်တပ်က ခြိမ်းခြောက်တာဖြစ်တယ်လို့လည်းဒေသခံတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။