Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်မြို့နယ် ဖောင်းကတောရွာမှ ပျူစောထီးများအစည်းအဝေးလုပ်နေစဥ် တိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို

ပျူစောထီးခေါင်းဆောင်ငမိုး ထွက်ပြေးလွတ်မြောက်သွားသော်လည်း ကျန်ပျူစောထီးလေးဦး သေကာ တစ်ဦးဒဏ်ရာရသွားကြောင်း NYSGFက သတင်းထုတ်ပြန်သည်။

ငါန်းဇွန်မြို့နယ် ဖောင်းကတောရွာမှ ပျူစောထီးများအစည်းအဝေးလုပ်နေစဥ် တိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို
ငါန်းဇွန်မြို့နယ် ဖောင်းကတောရွာမှ ပျူစောထီးများအစည်းအဝေးလုပ်နေစဥ် တိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဖောင်းကတောကျေးရွာမှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ အစည်းအဝေးလုပ်နေစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူလေးဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဖောင်းကတောကျေးရွာမှ ပျူစောထီးခေါင်းဆောင်ငမိုးအား စက်တင်ဘာ ၁၁ရက် ည ၈နာရီခန့်က သွားရောက်ရှင်းလင်းစဥ် ငမိုး၏နေအိမ်၌ ပျူစောထီးများအစည်းအဝေးလုပ်နေသည်ကိုတွေ့၍ ပစ်ခတ်တိုက်ခိုက်ခဲ့​​ခြင်းဟု နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFက ယနေ့ (စက်တင်ဘာ ၁၂ရက်) ထုတ်ပြန်သည်။

ပျူစောထီးခေါင်းဆောင်ငမိုး ထွက်ပြေးလွတ်မြောက်သွားသော်လည်း ကျန်ပျူစောထီးလေးဦး သေကာ တစ်ဦးဒဏ်ရာရသွားကြောင်း NYSGFက သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ပျူခေါင်းဆောင် ငမိုးက စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာလည်း ခေါင်းဆောင်။သူ့တပည့်တွေ သေတယ်။သူက ရွာကနေ ထွက်ပြေးသွားပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို NYSGFနှင့်အတူ Zarmani MMU၊ မြောင်တပ်ခွဲ မီးနဂါး NZN Revolution Force၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

NYSGF ပါဝင်သော ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်ကလည်း မြင်းခြံမြို့နယ်အတွင်း လောင်းကစားဝိုင်းမှ ပြန်လာသည့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦးနှင့် နောက်လိုက်တစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့သေးသည်။