Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင် စစ်ကောင်စီ စစ်ဆေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထုတ်ပြန်

ပုလောမြို့နယ်၊ တိုကျေးရွာတွင် စစ်ဆးရေးဂိတ် ချကာ ပြည်သူ့လူထုကို အတင်းအကြပ် ဆက်ကြေးကောက်နေ၍ အောက်တိုဘာ ၂၀ရက် ညနေ ၆နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

ပုလောတွင် စစ်ကောင်စီ စစ်ဆေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထုတ်ပြန်
ပုလောတွင် စစ်ကောင်စီ စစ်ဆေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်တပ်ရင်း (၁)က ယနေ့(အောက်တိုဘာ ၂၁ရက်).ထုတ်ပြန်သည်။

ပုလောမြို့နယ်၊ တိုကျေးရွာတွင် စစ်ဆးရေးဂိတ် ချကာ ပြည်သူ့လူထုကို အတင်းအကြပ် ဆက်ကြေးကောက်နေ၍ အောက်တိုဘာ ၂၀ရက် ညနေ ၆နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် နှစ်ဖက်အပြန်အလှည်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက် မှ တစ်ဦးသေဆုံးခဲ့သည်ဟုလည်း တပ်ရင်းကဆိုသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်းလည်း ဆိုထားသည်။

“မိုင်းဆွဲပြီး အပြန်အလှန်ပစ်ကြတဲ့အချိန် လက်နက်ကြီးတွေ သုံးလာလို့ ပြန်ဆုတ်လာကြတာ။ တွေဘက်က အထိအခိုက်မရှိပါဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁)နှင့် တောကြီးမြွေဟောက်အဖွဲ့(ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook