Connect with us

Hi, what are you looking for?

သတင်း

CDM တပ်မတော်သားများနှင့် နိုင်ငံရေးဒုက္ခသည် များကို နေရပ်ပြန်ပို့သည့်လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာပေးပို့

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအား မျက်ကွယ်ပြုသည့် မလေးရှားအစိုးရ၏ လုပ်ရပ် အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာ၌ ဖော်ပြသည်။

CDM တပ်မတော်သားများနှင့် နိုင်ငံရေးဒုက္ခသည် များကို နေရပ်ပြန်ပို့သည့်လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာပေးပို့
CDM တပ်မတော်သားများနှင့် နိုင်ငံရေးဒုက္ခသည် များကို နေရပ်ပြန်ပို့သည့်လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာပေးပို့

CDM တပ်မတော်သားများအပါအဝင် နိုင်ငံရေးဒုက္ခသည်များကို နေရပ်ပြန်ပို့သည့် လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် CDM တပ်မတော်သားများ အဖွဲ့အစည်းလေးခုက မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

မလေးရှားတွင် ရှောင်တိမ်းနေထိုင်လျက်ရှိသည့် UNHCR တွင် နိုင်ငံရေးခိုလှုံခွင့် တောင်ခံထားဆဲ CDM ရေတပ်အရာရှိ (၆)ဦးကို မလေးရှားအစိုးရက စစ်ကောင်စီလက်သို့ အောက်တိုဘာ ၆ ရက် တွင် အတင်းအကျပ် ပြန်လည်လွှဲပြောင်းပို့ခဲ့သည့်အပေါ် CDM တပ်မတော်သားများအဖွဲ့အစည်းများဖြစ်သည့် ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ ပြည်သူ့စစ်သားဇနီးများ၊ Breaking Brainsashed တို့က မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအား မျက်ကွယ်ပြုသည့် မလေးရှားအစိုးရ၏ လုပ်ရပ် အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာ၌ ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်သူလူထုအပေါ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ၊ ဆိုးရွားသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းများ နှင့် ကြောက်မက်ဖွယ် စစ်ရာဇဝတ်မှုများအား နိုင်ငံအနှံ့ကျူးလွန်လျက်ရှိပြီး ယင်းလုပ်ရပ်များကို လက်မခံကြသည့် ပြည်သူ့စစ်သားကောင်းများသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်(Defected)ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ CDM ပါဝင်ခဲ့ကြသည့် တပ်မတော်သားကောင်းများသည် စစ်ကောင်စီရန်မှ ရှောင်တိမ်းနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်နေထိုင်ရကြောင်းလည်း ပေးစာ၌ ဖော်ပြ သည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်သူ့ဘက် ကူးပြောင်းရပ်တည်ပြီး CDMလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် တပ်မတော်သားဟောင်းများသည် စစ်ကောင်စီလက်သို့ ပြန်လည်ရောက်ရှိပါက စစ်ဘက်ဥပဒေများဖြင့် အရေးယူခံရပြီး ကြီးမားသည့်ပြစ်ဒဏ်များ ချမှတ်ခံရမည့် အခြေအနေများဖြင့် မလွှဲမသွေ တွေ့ကြုံရင်ဆိုင်ရမည်ဟု ဆက်လက်ဖော်ပြ သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။