Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကျွန်ခံ Non-CDMများကို လက်တွေ့ကျကျ အရေးယူတော့မည်ဟု မတူပီ CDF သတိပေး

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

စစ်ကောင်စီကျွန်ခံ Non-CDMများကို လက်တွေ့ကျကျ အရေးယူတော့မည်ဟု မတူပီ CDF သတိပေး

စစ်ကောင်စီအတွက် ကျွန်ခံပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန်ကြိုးပမ်းမှုတွင်ပါဝင်နေသည့် Non CDM ဝန်ထမ်းများကို လက်တွေ့ကျကျ အရေးယူတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် သတိပေးထုတ်ပြန်သည်။

“အသိပေးချင်တာက ပြည်သူလူထုနဲ့ အမြန်ဆုံးရပ်တည်ပေးဖို့ပေါ့။ ကျွန်တော်တို့အနေနဲ့ စစ်မြေပြင် အနေအထားပဲဖြစ်ဖြစ် အခုအချိန်မှာ Non CDMတွေကြောင့် ကျွန်တော်တို့ လှုပ်ရှားမှုပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် စစ်သတင်းပေါက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အန္တရာယ် လုံခြုံမှုမရှိဘူးပေါ့။ အဲဒါကြောင့်ပါ”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ရခြင်းနှင့်ပတ် သက်ပြီး ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေး ယန္တရားကို အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်ဆောင်ရွက်နေသော ဌာနဆိုင်ရာ Non- CDMများသည် ကိုယ်ကျိုးတစ်ခုကိုသာကြည့်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် လက်တွဲအလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေသည့် Non-CDM များသည် မတူပီ CDFမှ အသိပေး ထုတ်ပြန်ချက်များ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း CDM တွင် ပူးပေါင်းပါဝင်မှုမရှိဘဲ တရားမဝင် စစ်ကောင်စီကျွန်ခံ၍ ယန္တရားများ လည်ပတ်စေခဲ့ကြကြောင်း ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီနှင့်ပူးပေါင်းသော Non-CDM များ၌ မိမိ၏ ဆွေမျိုး၊မိဘ၊ညီအကို၊ မောင်နှမ များ ပါဝင်နေပါက ပြည်သူနှင့်အတူ ရပ်တည်ပြီး အမြန်ဆုံး CDM ပြုလုပ်ကြရန် အသိပေးစေလိုသည်ဟု တိုက်တွန်းထားပြီး မတူပီ CDF အနေဖြင့် စစ်ကောင်စီ၏ ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံပုဂ္ဂိုလ်များ နှင့် Non-CDMများကို စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီ လက်တွေ့ကျကျ ဆက်လက် အရေးယူမည်ဖြစ် ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဦးတင်လွေးသည် CDM သမားများကို ခြိမ်းခြောက်ကာ Non – CDM ပြန်လုပ်ရန် ဖိအားပေးခြင်း၊ CDM စာရင်းကို စစ်ကောင်စီထံ ပေးခြင်း၊ အချို့ CDM စာရင်းကို လျှို့ဝှက်ပြီး စစ်ကောင်စီ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နှင့် ပေါင်း၍ CDM သမားများ ၏ လစာကိုထုတ်ယူခြင်းပြုလုပ်၍ ၎င်းက စာဖြင့် သုံးကြိမ်၊ နုတ်ဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း စစ်ကောင်စီနှင့်ဆက်လက် ပူးပေါင်းနေခြင်းကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook