Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို

ဆူနက်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြတ်ပြတ်သားသား မဲပေးရွေးချယ် ခံခဲ့ရတဲ့နောက် ချားလ်စ်ဘုရင်ဆီက အသိအမှတ် ပြုမှုကို ခံယူပြီး နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ။ သူဟာ ၄၅ ရက်တည်းနဲ့ ရာထူးက နုတ်ထွက်သွားခဲ့တဲ့ လစ်ဇ်ထရက်စ်ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို
အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို

အာရှနွယ်ဖွားတစ်ဦး၊ ဟိန္ဒူဘာသာဝင် တစ်ဦးအနေနဲ့ ဗြိတိန်နိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ရီရှီဆူးနက်ခ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူး ဂုဏ်ပြုသွားခဲ့ပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူနက်ခ်ဟာ အသက် ၄၂ နှစ်သာ ရှိသေးတာကြောင့် ရောဘတ် ဘန့်ခ်စ် ဂျက်ဆင်ဆန်နောက်ပိုင်း ဗြိတိန်ရဲ့ နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းကြောင်းတလျှောက် အသက် အငယ်ဆုံး ဝန်ကြီးချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ဒေးဗစ်ကင်မရွန် ဝန်ကြီးချုပ် ဖြစ်ခဲ့ချိန်မှာတောင် အသက် ၄၃ နှစ် ရှိနေပါပြီ။

ဆူနက်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြတ်ပြတ်သားသား မဲပေးရွေးချယ် ခံခဲ့ရတဲ့နောက် ချားလ်စ်ဘုရင်ဆီက အသိအမှတ် ပြုမှုကို ခံယူပြီး နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ။ သူဟာ ၄၅ ရက်တည်းနဲ့ ရာထူးက နုတ်ထွက်သွားခဲ့တဲ့ လစ်ဇ်ထရက်စ်ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

ဘိုင်ဒန်က ဗြိတိန်မှာ အာရှနွယ်ဖွားတစ်ဦး ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတယ် ဆိုတာက သိပ်အရေးကြီးတယ်လို့ ယူဆပြီး ထူးကဲတဲ့ ဖြစ်စဉ်တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။ ဟိန္ဒူရိုးရာ ဒေဝါလီနေ့ အခမ်းအနား တစ်ခုကို အိမ်ဖြူတော်မှာ လက်ခံ ကျင်းပနေရင်း ဘိုင်ဒန်က အိန္ဒိယမျိုးနွယ် မိဘတွေဆီက ဆင်းသက်လာသူ ဆူးနက်ခ်ကို အခုလို ဂုဏ်ပြုစကား ဆိုခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆူးနက်ခ်က ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခံရတာဟာ သူ့အတွက် ထူးကဲလွန်းတဲ့ အခြေအနေ တစ်ခုလို့ ဝန်ခံခဲ့ပါတယ်။ ပြီးတော့ ဗြိတိန် အနေနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်နေရချိန်အတွင်း အာဏာရ ကွန်ဆာဗေးတစ် ပါတီထဲမှာရော၊ တစ်နိုင်ငံလုံး အနေနဲ့ပါ ပိုပြီး စည်းလုံးညီညွတ်ကြဖို့လည်း ဆူးနက်ခ်က တိုက်တွန်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံတကာ

ဗြိတိန်က တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ဖျက်ဆီးပစ်မှာ မဟုတ်ကြောင်း တိရစ္ဆာန်ရုံဖက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။