Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို

ဆူနက်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြတ်ပြတ်သားသား မဲပေးရွေးချယ် ခံခဲ့ရတဲ့နောက် ချားလ်စ်ဘုရင်ဆီက အသိအမှတ် ပြုမှုကို ခံယူပြီး နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ။ သူဟာ ၄၅ ရက်တည်းနဲ့ ရာထူးက နုတ်ထွက်သွားခဲ့တဲ့ လစ်ဇ်ထရက်စ်ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို
အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို

အာရှနွယ်ဖွားတစ်ဦး၊ ဟိန္ဒူဘာသာဝင် တစ်ဦးအနေနဲ့ ဗြိတိန်နိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ရီရှီဆူးနက်ခ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူး ဂုဏ်ပြုသွားခဲ့ပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူနက်ခ်ဟာ အသက် ၄၂ နှစ်သာ ရှိသေးတာကြောင့် ရောဘတ် ဘန့်ခ်စ် ဂျက်ဆင်ဆန်နောက်ပိုင်း ဗြိတိန်ရဲ့ နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းကြောင်းတလျှောက် အသက် အငယ်ဆုံး ဝန်ကြီးချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ဒေးဗစ်ကင်မရွန် ဝန်ကြီးချုပ် ဖြစ်ခဲ့ချိန်မှာတောင် အသက် ၄၃ နှစ် ရှိနေပါပြီ။

ဆူနက်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြတ်ပြတ်သားသား မဲပေးရွေးချယ် ခံခဲ့ရတဲ့နောက် ချားလ်စ်ဘုရင်ဆီက အသိအမှတ် ပြုမှုကို ခံယူပြီး နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ။ သူဟာ ၄၅ ရက်တည်းနဲ့ ရာထူးက နုတ်ထွက်သွားခဲ့တဲ့ လစ်ဇ်ထရက်စ်ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

ဘိုင်ဒန်က ဗြိတိန်မှာ အာရှနွယ်ဖွားတစ်ဦး ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတယ် ဆိုတာက သိပ်အရေးကြီးတယ်လို့ ယူဆပြီး ထူးကဲတဲ့ ဖြစ်စဉ်တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။ ဟိန္ဒူရိုးရာ ဒေဝါလီနေ့ အခမ်းအနား တစ်ခုကို အိမ်ဖြူတော်မှာ လက်ခံ ကျင်းပနေရင်း ဘိုင်ဒန်က အိန္ဒိယမျိုးနွယ် မိဘတွေဆီက ဆင်းသက်လာသူ ဆူးနက်ခ်ကို အခုလို ဂုဏ်ပြုစကား ဆိုခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆူးနက်ခ်က ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခံရတာဟာ သူ့အတွက် ထူးကဲလွန်းတဲ့ အခြေအနေ တစ်ခုလို့ ဝန်ခံခဲ့ပါတယ်။ ပြီးတော့ ဗြိတိန် အနေနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်နေရချိန်အတွင်း အာဏာရ ကွန်ဆာဗေးတစ် ပါတီထဲမှာရော၊ တစ်နိုင်ငံလုံး အနေနဲ့ပါ ပိုပြီး စည်းလုံးညီညွတ်ကြဖို့လည်း ဆူးနက်ခ်က တိုက်တွန်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။