Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဟောင်းတစ်ဦးကခွေးနှစ်ကောင်ကိုက်သည်ကို သေနတ်ဖြင့်ပစ်ခတ်ရာ ဈေးသည်အမျိုးသမီးကျည်ထိမှန်သေဆုံး

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

(အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်)
(အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်)

တာချီလိတ်မြို့မှ စစ်ကောင်စီစစ်မှုထမ်းဟောင်းတစ်ဦးသည် ခွေးနှစ်ကောင်ကိုက်သည်ကို သေနတ်ဖြင့်ပစ်ခတ်ရာမှ ဈေးသည်အမျိုးသမီးတစ်ဦးအား သေနတ်ကျည် ထိမှန်သေဆုံးသွား၍ ဖမ်းဆီးခံလိုက်ရသည်။

တာချီလိတ်မြို့မှ ဇွဲသာယာအပန်းဖြေလုပ်ငန်းပိုင် ရှင်သည်ယမန်နေ့(အောက်တိုဘာလ၂၅ရက်) ညက ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ခွေး‌နှစ်ကောင်ကိုက်နေသည်ကို သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ရာမှ အဆိုပါ အမျိုးသမီးအား ထိမှန်သွားခြင်းဟု ဒေသခံများက ပြောသည်။

“ခွေးကို ပစ်တာသေနတ်ကျည်က ထောက်ပြီး လူကို ထိသွားတယ်။ ထိတာက ဈေးသည်။ ရင်ဘတ်ကိုမှန်ပြီး သေဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွဲသာယာအပန်းဖြေလုပ်ငန်းပိုင်ရှင် ဦးဇွဲဆိုသူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မဲခေါင်မြစ်ဘေးတွင် အပန်းဖြေလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၁၀နှစ်ခန့်ရှိပြီဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။