Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မှုထမ်းဟောင်းတစ်ဦးကခွေးနှစ်ကောင်ကိုက်သည်ကို သေနတ်ဖြင့်ပစ်ခတ်ရာ ဈေးသည်အမျိုးသမီးကျည်ထိမှန်သေဆုံး

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

(အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်)
(အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်)

တာချီလိတ်မြို့မှ စစ်ကောင်စီစစ်မှုထမ်းဟောင်းတစ်ဦးသည် ခွေးနှစ်ကောင်ကိုက်သည်ကို သေနတ်ဖြင့်ပစ်ခတ်ရာမှ ဈေးသည်အမျိုးသမီးတစ်ဦးအား သေနတ်ကျည် ထိမှန်သေဆုံးသွား၍ ဖမ်းဆီးခံလိုက်ရသည်။

တာချီလိတ်မြို့မှ ဇွဲသာယာအပန်းဖြေလုပ်ငန်းပိုင် ရှင်သည်ယမန်နေ့(အောက်တိုဘာလ၂၅ရက်) ညက ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ခွေး‌နှစ်ကောင်ကိုက်နေသည်ကို သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ရာမှ အဆိုပါ အမျိုးသမီးအား ထိမှန်သွားခြင်းဟု ဒေသခံများက ပြောသည်။

“ခွေးကို ပစ်တာသေနတ်ကျည်က ထောက်ပြီး လူကို ထိသွားတယ်။ ထိတာက ဈေးသည်။ ရင်ဘတ်ကိုမှန်ပြီး သေဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွဲသာယာအပန်းဖြေလုပ်ငန်းပိုင်ရှင် ဦးဇွဲဆိုသူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မဲခေါင်မြစ်ဘေးတွင် အပန်းဖြေလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၁၀နှစ်ခန့်ရှိပြီဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။