Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီခြိမ်းခြောက်မှုများကြောင့်​ ဒေါ်လာအရောင်းအဝယ်ရပ်တန့်

“အခုက ဈေးကွက်ထဲမှာ ဒေါ်လာကို ၂၀၁၀ရှေ့ပိုင်းကလို ခိုးကြောင်၊ခိုးဝှက်ဝယ်နေရတယ်။ ငွေလဲကောင်တာတွေကလည်း ဒေါ်လာကို အဝယ်ပဲရှိတယ်။ အရောင်းပိတ်ထားကြတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

(စစ်အုပ်စုအာဏာသိမ်းပြီး​နောက်စစ်​ကောင်စီ၏ခြိမ်း​ခြောက်ဖိနှိပ်မှုများ​ကြောင့် ပြည်သူများမှာ ဒေါ်လာကိုင်လျှင်ပင်အဖမ်းခံရနိုင်​သောအ​ခြေအ​နေ​ရောက်​လာသည်။ ဓါတ်ပုံ-Getty Image)
Photo taken in Rangoon, Myanmar

စစ်ကောင်စီက ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် ငွေလဲကောင်တာများနှင့် ပြင်ပမှောင်ခိုဈေးကွက်များတွင် ဒေါ်လာအရောင်းပိတ်ထားကြောင်း ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ပြည်တွင်းရှိ ဒေါ်လာရောင်းချသူများကို ၎င်းတို့သတ်မှတ်ထား​သောဈေးအတိုင်းမရောင်းချခြင်းကြောင့် ငွေလဲကောင်တာအချို့ကို ခြိမ်းခြောက်ပိတ်သိမ်းစေပြီးနောက် ဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ် ရပ်ဆိုင်းသွားခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

“အခုက ဈေးကွက်ထဲမှာ ဒေါ်လာကို ၂၀၁၀ရှေ့ပိုင်းကလို ခိုးကြောင်၊ခိုးဝှက်ဝယ်နေရတယ်။ ငွေလဲကောင်တာတွေကလည်း ဒေါ်လာကို အဝယ်ပဲရှိတယ်။ အရောင်းပိတ်ထားကြတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိမှောင်ခိုဈေးကွက်တွင်လည်းဒေါ်လာအရောင်းအဝယ်မလုပ်ရဲဘဲ ဈေးကွက်တခုလုံး ရပ်တန့်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒေါ်လာဈေးကို အရောင်းအဝယ်လုပ်လို့ တက်တယ်ဆိုပြီး အရောင်းအဝယ်မဖြစ်အောင်လုပ်တယ်။ စစ်အုပ်စုနဲ့ နီးစပ်သူတွေပဲ ထိန်းချုပ်ပြီး သာမာန်ပြည်သူတွေကို ဒေါ်လာမကိုင်နိုင်အောင် တင်းကျပ်တာ၊ ခြိမ်းခြောက်တာတွေလုပ်နေတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြည်ပသို့ သွား​ရောက်အလုပ်လုပ်ရန် နိုင်ငံခြားငွေလိုအပ်သူများသည့် ဈေးကွက်အတွင်း ဒေါ်လာများကို ဈေးကြီးပေးဝယ်နေရပြီး လိုသလောက်ဝယ်ယူ၍ မရကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ပိုင်ရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ် အောက်တိုဘာ ၁၇ ရက်က Thomas Khanno ငွေလဲကောင်တာကို သတ်မှတ်ဈေးအတိုင်းရောင်းချခြင်းမပြု​သောကြောင့်ဟုဆိုကာလိုင်စင်ဖျက်သိမ်းကြောင်းကြေညာခဲ့သည်။ထိုအတူ စက်တင်ဘာအတွင်း Family Moe Paing ငွေလဲကောင်တာကိုလည်း စစ်ကောင်စီသတ်မှတ်နှုန်းအတိုင်း ဒေါ်လာမရောင်း၍ဟုဆိုကာလိုင်စင် ၃ လပိတ်သိမ်းခဲ့သည်။

လက်ရှိတွင် စစ်အုပ်စုက အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ကျပ်သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်