Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာနှင့်ရွှေဈေး တဟုန်ထိုးတက်ပြီးဈေးကွက်ပျက်

ယမန်​နေ့(​အောက်တိုဘာ ၂၂ ရက်)က​ဒေါ်လာဈးမှာ၂၉၂၀ကျပ် နှင့် ရွှေဈေး ၂,၅၉၅,၀၀၀ကျပ် ​ဈေး​ပေါက်ခဲ့ရာမှ ​ဈေးများတဟုန်းထိုးတက်ခဲ့ခြင်းဖြစ်သည်။

(​မြန်မာနိုင်ငံကို FATF ၏အမည်ပျက်စာရင်းသွင်းခံရပြီး​​နောက်ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးရုတ်တရက် ပြုတ်ကျသွားသည်)
(​မြန်မာနိုင်ငံကို FATF ၏အမည်ပျက်စာရင်းသွင်းခံရပြီး​​နောက်ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးရုတ်တရက် ပြုတ်ကျသွားသည်)

ကမ္ဘာ့ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုဘဏ္ဘာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATFက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက်ဒေါ်လာဈေး တဟုန်ထိုးမြင့်တက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဈေးကွက်မဖွင့်နိုင်​တော့ကြောင်းငွေကြေးဈေးကွက်အတွင်းမှသိရသည်။

FATFက ယမန်​နေ့ည(​အောက်တိုဘာ ၂၁) တွင်ကြေငြာပြီး ​​နောက်ညတွင်းချင်းပင် အမေရိကန်ဒေါ်လာဈေးတရှိန်ထိုးမြင့်တက်လာပြီး တစ်ဒေါ်လာကို ကျပ် ၅၈၀၀ အထိရှိလာခဲ့လာကာ ယနေ့တွင် ဈေးကွက်မဖွင့်နိုင်ကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူအချို့က​ပြောသည်။

“Black list စာရင်းက လောလောလတ်လတ် သက်ရောက်မှာတော့မဟုတ်ဘူး။ ဒါပေ့မယ့် အခုဖြစ်နေတာက ကြောက်စိတ်ဈေးကွက်ဖြစ်နေတာ။ ဒါကို စစ်ကောင်စီကလည်း ထိန်းသိမ်းနိုင်တော့မယ် မထင်ဘူး”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ယနေ့ (အောက်တိုဘာ ၂၂ ရက်) နေ့လယ်ပိုင်းတွင်တစ်ဒေါ်လာကို ကျပ် ၆၃၀၀အထိ မြင့်တက်လာပြီး ဈေးကွက်သည် ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ဖြစ်နေသည်ဟုလည်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့(​အောက်တိုဘာ ၂၂ ရက်)က​ဒေါ်လာဈးမှာ၂၉၂၀ကျပ် နှင့် ရွှေဈေး ၂,၅၉၅,၀၀၀ကျပ် ​ဈေး​ပေါက်ခဲ့ရာမှ ​ဈေးများတဟုန်းထိုးတက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေးမှာလည်းမြင့်တက်နေပြီး ရွှေဆိုင်အများစုက အရောင်းပိတ်ထားကာအဝယ်ကိုသာ လက်ခံတော့ကြောင်း ရွှေလုပ်ငန်းရှင်အချို့ကပြောသည်။

“အခေါက်ရွှေတစ်ကျပ်သား ၂၉သိန်းလောက်ပေါက်တယ်။ ရွှေဆိုင်တွေက ဒီဈေးကိုဖွင့်ထားပေမယ့်၊ အရောင်းအဝယ်တော့မလုပ်ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေါ်လာအရောင်းအဝယ်ဈေးကွက်နှင့်ရွှေဈေးကွက်မှာယခုအခါ အရောင်းအဝယ် ကသောင်းကနင်းဖြစ်​နေ​ကြောင်းရွှေနှင့်ငွေကြေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။