Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင် ဘန့်ဘွေးရွာရှိ ကင်းစောင့်နေသောစစ်ကောင်စီတပ်နှင့်ပျူများ တိုက်ခိုက်ခံရ

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

ကျောက်လုံးကြီး KLG PDF အဖွဲ့ဝင် ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်၊ ဓာတ်ပုံ-KLG PDF
ကျောက်လုံးကြီး KLG PDF အဖွဲ့ဝင် ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်၊ ဓာတ်ပုံ-KLG PDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား ယနေ့နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက် ၄နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအထွက်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်နက်ကြီး ၊လက်နက်ငယ်များနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာဗျ။ ​ွေးဘက်က ပြန်ပစ်တယ်ဗျ။ ဘန့်ဘွေးက ပျူတွေက ရွှေတောင်ဦးနဲ့နီးနေတော့ တော်တော်ဆိုးတယ်။”ဟု KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူများဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးဟု KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

စစ်ကောင်စီတပ်အား တော်လှန်မှုအားကောင်းသည့် ယင်းမာပင်မြို့နယ်တွင် အောက်တိုဘာရ၂၁ရက်က ရွှေလှံကျေးရွာ ဝင်ရောက်စီးနင်းခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးသတ်ဖြတ်မီးရှို့ခံရသ​ည်။ ထိုနေ့တွင်ပင် ရင်ပေါင်တိုင်ကျေးရွာလည်း ဝင်ရောက်စီးနင်းခံရပြီး ကိုယ်ဝန်ဆောင်မိခင် တစ်ဦးနှင့် အဘွားအိုတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။