Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ် (၅)မိုင်တိုးဂိတ်အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ဒေသခံ တစ်ဦး ဦးခေါင်းကျည် ထိမှန် အသက်ဆုံးရှုံး

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်၍ ဒေသခံအမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကြောင်း ‘ချိုမိုင်မိုင်’ ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ရိက္ခာလာပို့သည့်ယာဥ်ကို ထွက်စောင့်နေသော အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ယနေ့နံနက် ၈ နာရီခွဲ့မှစတင်ကာ (၅)မိုင်တိုးဂိတ်အနီး (၃)ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့သို့တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ် ခဲ့ရာ တိုးဂိတ်အနီး ကျေးရွာတစ်ရွာဖြစ်သော ကွေ့ချောင်းကျေးရွာမှ အသက် ၅၀ခန့်အရွယ် ဒေါ်ခင်သိန်းမြင့်အား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့က မိုင်းဆွဲတော့ ခွေးတွေက ရမ်းသမ်းပစ်တယ်ဗျ။ အဲတာ ကွေ့ချောင်းရွာက စစ်ဘေးရှောင်နေတဲ့ပြည်သူကို ကျည်သွားမှန်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ် မှုကြောင့် ဒေါ်ခင်သိန်းမြင့်၏ ဦးခေါင်းသို့ ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှု ပေးခဲ့သော်လည်း ယနေ့ညနေ ၆ နာရီ ၁၅မိနစ်ခန့်တွင် ယင်းဒဏ်ရာဖြင့် ပင်သေဆုံးသွားကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

“ကျည်ထိတာက မနက်ခင်းပိုင်းကဗျ။ ဦးခေါင်းထဲဝင်နေတာဗျ။ ကျည်က ထုတ်လို့မရဘူး”ဟု ၎င်းက ဆက်ပြောသည်။

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။