Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်မှုးတစ်ဦးနေအိမ် ပစ်ခတ်မီးရှို့ခံရ

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်လုပ်ဆောင်သွားသည့်အပေါ် အသေးစိတ်အခြေအနေကို သိခွင့်ရရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကော့ကရိတ်ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်မှုးတစ်ဦးနေအိမ် ပစ်ခတ်မီးရှို့ခံရ
ကော့ကရိတ်ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်မှုးတစ်ဦးနေအိမ် ပစ်ခတ်မီးရှို့ခံရ

ကော့ကရိတ်မြို့နယ်ထဲရှိ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တပ်မှူးတစ်ဦး၏ နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မှူးဇနီးအပါအဝင် တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ(၂၇)ရက် ည(၇)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်​မြောက်ပိုင်း မိဖာလဲရွာတွင်ရှိသော KNU/KNLA PC တပ်ရင်း(၇၇၇)၏ တပ်မှူးစောဝင်းကျော်နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မှူးဇနီးနှင့် တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးသွားခဲ့သည်။

Public Service Announcement
Public Service Announcement

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း KNU/KNLA PC တပ်မှူးစောဝင်းကျော်နှင့် သမီးဖြစ်သူတို့ လွတ်မြောက်သွားခဲ့ပြီး လာရောက်ပစ်ခတ်သောအဖွဲ့မှ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကားနှစ်စီးကိုပါ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများဆီက သိရသည်။

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်လုပ်ဆောင်သွားသည့်အပေါ် အသေးစိတ်အခြေအနေကို သိခွင့်ရရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်ငြိမ်းချမ်းရေးကောင်စီသည် NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သွားရောက်တွေ့ဆုံခဲ့သော အဖွဲ့တစ်ဖွဲ့လည်းဖြစ်ကာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသတွင် ဗဟိုဌာနချုပ်ထားရှိပြီး အခြေစိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။