Connect with us

Hi, what are you looking for?

News

စစ်ခေါင်းဆောင်နဲ့တွေ့ဖို့ နေပြည်တော်ရောက်နေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်လာတဲ့အဖွဲ့တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေနွေးဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ဒီကနေ့ မေ ၂၅ ရက်မှာ နေပြည်တော်ကိုရောက်ရှိလာခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီက ဥက္ကဌစောထော့လေး၊ ဒေါက်တာနော်ကပေါ်ထူးဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မွန်းလွဲပိုင်းအချိန်က နေပြည်တော်ကိုရောက်ရှိလာတာဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေက ကြိုဆိုခဲ့ကြတာပါ။

မနက်ဖြန်မှာတော့ ကရင်ငြိမ်းချမ်းရေးကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့
အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်လာတဲ့အဖွဲ့တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်တာပါ။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။