Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် – ထီးခီးလမ်းပိုင်း နေ့ဘက်သာအသုံးပြုရန် တော်လှန်ရေးပူးပေါင်းတပ်(၈)ဖွဲ့ သတိပေး

လမ်းပိုင်းအသုံးပြုမှုနှင့်စပ်လျဥ်း၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသော တော်လှန်ရေး(၈)ဖွဲ့တွင် ထားဝယ် ပ.က.ဖ၊ ထားဝယ်အရှေ့တောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ DDT၊ DGRF၊ ဘီလုံးပြောက်ကျားတပ် စသည်တို့ ပါဝင်သည်။

(ထားဝယ် - ထီးခီးလမ်းပိုင်းတွင် ယာဥ်အသွားအလာများအား တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးမှု လုပ်ဆောင်နေစဥ်၊ဓာတ်ပုံ - DEF PDF)
(ထားဝယ် - ထီးခီးလမ်းပိုင်းတွင် ယာဥ်အသွားအလာများအား တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးမှု လုပ်ဆောင်နေစဥ်၊ဓာတ်ပုံ - DEF PDF)

▪️ပြည်ပပို့မည့် ဘောလုံးကား၊ သံတိုသံစယာဥ်နှင့် မီနီအိုးဝေများ ဖြတ်သန်းခွင့်မပြု

ထားဝယ် – ထီးခီးလမ်းပိုင်းအား ယနေ့(အောက်တို ဘာ ၂၉)မှစ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ အသုံးပြုကြရန် ထားဝယ်(ပ.က.ဖ) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ (၈)ဖွဲ့ပူးပေါင်းပြီး မေတ္တာရပ်ခံလိုက်သည်။

ယခုကာလသည် ပွင့်လင်းရာသီဖြစ်လာပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအား ရှေ့ရှုကာ ထားဝယ် – ထီးခီးလမ်းပိုင်းအသုံးပြုမှုအား စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“လမ်းပိုင်းစစ်ဆေးမှုတွေ အခုစလုပ်နေပါပြီ။ အလျဉ်းသင့်သလို စစ်ဆေးမှူပြုလုပ်သွားမှာပါ ခင်ဗျာ။ အဓိကကတော့ ညဘက် လုံးဝဖြတ်သန်းခြင်းမပြုလုပ်ကြဖို့ပါ”ဟု ထားဝယ်အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ထားဝယ် – ထီးခီးလမ်းပိုင်းအားအသုံး ပြု၍ ပြည့်ပသို့ ကုန်ပစ္စည်းပို့မည့် ဘေးလုံးကားများ၊ သံ တိုသံစတင်ယာဥ်များ၊ သုံးဘီးယာဥ်များအား လုံးဝဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း တော်လှန်ရေး(၈)ဖွဲ့၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ သတ်မှတ်အချိန် နံနက် ၆ နာရီမှညနေ ၆ နာရီအတွင်း ဖြတ်သန်းသွားလာမည့် မည်သည့်ယာဥ်မဆို ကားမှန်များချ၍ မောင်းနှင်ရန်၊ အမိုးများဖုံးအုပ်မထားရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးမှုအား ကြည် ဖြူစွာလက်ခံပေးကြရန် မေတ္တာရပ်ခံထားသည်။

လမ်းပိုင်းအသုံးပြုမှုနှင့်စပ်လျဥ်း၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသော တော်လှန်ရေး(၈)ဖွဲ့တွင် ထားဝယ် ပ.က.ဖ၊ ထားဝယ်အရှေ့တောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ DDT၊ DGRF၊ ဘီလုံးပြောက်ကျားတပ် စသည်တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။