Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဆို

နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့က ရဲဘော်တွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထားဝယ်ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဆို
ထားဝယ်ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဆို

ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦးအပါအဝင် (၁၂)ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ(၆)ရက်နေ့ နေ့လည်(၁၂)နာရီခန့်က ထားဝယ်-ထီးခီးလမ်းပိုင်း ဆာကဆောတပ်မဟာ တပ်ရင်း(၁)နယ်မြေ အမိုးခီးနော်သူးကလိုရွာအနီးမှာ ဗိုလ်ကော်လာဦးဆောင်တဲ့ ကော်သူးလေတပ်မတော်(KTLA)/ Nway Oo Guerrilla Force(နွေဦးပြောက်ကျားတပ်) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီရဲ့ ခလရ(၂၆၅) စစ်ကြောင်းတို့ကြား နှစ်နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် (၁၂)ဦး သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၄၀ မမ ဗုံးပစ်လောင်ချာအပါအဝင် MA-3 သေနတ်လေးလက်၊ ၄၀ မမ ဗုံးသီး(၁၁)လုံး၊ ကျည်ဘောက်(၈)ခု၊ ပစ္စတိုတစ်လက်၊ ၆၀မမ ဗုံးသီးတစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ဆက်သွယ်ရေးစက်တစ်လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရခဲ့တယ်လို့ စစ်မြေပြင်အတည်ပြုချက်အရ သိရပါတယ်။

နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့က ရဲဘော်တွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။