Connect with us

Hi, what are you looking for?

သတင်း

မြို့သာစက်မှုဇုန်ရှိ KTV၌ အနားယူနေသောရဲများအား ဝင်ရောက်တိုက်ခိုက်ရာဒုရဲအုပ်အပါအဝင် ၉ ဦးခန့်သေဟုဆို

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(စစ်အာဏာသိမ်းမှုကို ၂၀၂၁ ​မတ်လတွင်ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများအား အကြမ်းဖက်ဖြိုခွင်း၍ ကြိမ်း​မောင်း​နေ​သောရဲတပ်ဖွဲ့များ)
(စစ်အာဏာသိမ်းမှုကို ၂၀၂၁ ​မတ်လတွင်ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများအား အကြမ်းဖက်ဖြိုခွင်း၍ ကြိမ်း​မောင်း​နေ​သောရဲတပ်ဖွဲ့များ)

“ဒီကောင်တွေက အပျော်ကျူး ချိန်ဆိုတော့ ရှင်းရတာပိုလွယ်တယ်” မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးရှိ KTVသို့ လာရောက်အပန်းဖြေနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲ၉ဦးခန့်သေဆုံးကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) ညနေ ၅ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တစ်နေရာ၌ ဖွင့်လှစ်ထားသော “ဝါဆိုဦး”KTV တွင် စစ်ကောင်စီအုပ်စုဝင်များ လာရောက်ဝိုင်းဖွဲ့စားသောက်နေချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ကြောင်း၎င်းက​ပြောသည်။ KTV ဝန်ထမ်းများကို အထိအခိုက်မရှိအောင်ဆောင်ရွက်ခဲ့ပြီး ငါန်းမြာကြီး ဒုရဲအုပ်ရာဇာဝင်းမြင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“ဝန်ထမ်းတွေနဲ့ အမျိုးသမီးမိန်းကလေးတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းပြီး သူတို့ရောက်လာချိန်မှာ သံပုရာသီးတစ်လုံး လျက်စား နှစ်ပုလင်း စကျွေးလိုက်တယ်။သူတို့ ဖရိုဖရဲဖြစ်ချိန်မှာပဲ မဟာမိတ်အဖွဲ့တွေက အသင့်ပါလာတဲ့ လက်နက်နဲ့ ဆော်ထည့်လိုက်တာ။ အားရချက်ပဲ။ ဖြစ်စဉ်ကတော့ ရှင်းပါတယ်။ ဒီကောင်တွေက အပျော်ကျူး ချိန်ဆိုတော့ ရှင်းရတာပိုလွယ်တယ်။”ဟု မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

TGYR ရဲဘော်နှင့် မဟာမိတ် ရဲဘော်တစ်ဦး မစိုးရိမ်ရ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုတွင် လက်နက်များရရှိခဲ့ခြင်းမရှိဟုလည်း ၎င်းကဆက်​ပြောသည်။

ထိုစစ်ဆင်ရေးကိုTGYR-Youth Guerrilla CounterRevolution(LPDF)၊Myit Nge People Defence Force-MN PDF၊ဇာမဏီပြောက်ကျားတပ်ဖွဲ့၊မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးသည်။

“ဒီကနေပဲ မဟာမိတ်များကိုယ်စား သတင်းစကားပါးပါရစေ။ နောက်နောက်လည်း စခ၊ ရခ ဒလန် ပျူများသတိထားနေကြပါ။ မင်းတို့အတွက် ငရဲပဲ ရှိတယ်”ဟု မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သတင်းစကားပါးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုများ ပို၍ပြုလုပ်နိုင်စေရန် ပိုကူပိုလှူပေးကြရန် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။