Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဝင်မွှေပြီး ပစ္စည်းများယူ၊ နေအိမ်များဖျက်ဆီး

“ဒီနေ့တပ်ကုန်းရွာမှာ ဖျက်ကြတယ်။ အိမ် ၃အိမ်ကို ဖျက်ဆီးပစ်တယ်လို့ ပြောတယ်။ ကင်းမနဲ့ ကိုင်းလယ်ကြားက ရွာ။ မနေ့က တောင်ဘက်ရွာမှာ ဖျက်ဆီးတာ။အဲဒီရွာမှာတော့ ရွာလုံးကျွတ်အဖျက်ခံရတာဖြစ်တယ်။စစ်ကြောင်းတွေ ပြန်ဆုတ်လာပြီးတော့ လမ်းကြောင်း တလျှောက်ရွာတွေကို ဝင်မွှေတဲ့သဘော”ဟု ၎င်းကဆိုသည်။

(ဖျက်ဆီးခံရ​သော လူ​နေအိမ်များကို ​တွေ့ရစဥ်၊ဓါတ်ပုံ - CJ)

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ဝင်ရောက်မွှေနှောက်ကာ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ယူငင်ခြင်း၊ နေအိမ်နှင့် ပရိဘောဂစ္စည်းများကို ဖျက်ဆီခြင်း ပြုလုပ်ခဲ့ဟု ဒေသခံက ပြောသည်။

ပေါက်မြို့နယ်တောင်ပိုင်း တောင်ဘက်ရွာတွင် စက်တင်ဘာ ၂ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်ကာ အိမ်တိုင်းလိုလိုအား တံခါးများ ဖျက်ပြီး ပစ္စည်းများ ယူသွားကြောင်း၊ ယနေ့ (စက်တင်ဘာ ၃ရက်)တွင် တပ်ကုန်းရွာသို့ ဝင်ရောက်ပြီး နေအိမ် ၃အိမ်ကို ဖျက်ဆီးခဲ့ကြောင်း ပေါက်ဒေသခံတစ်ဦးက ပြောသည်။

(ဖျက်ဆီးခံရ​သော လူ​နေအိမ်များကို ​တွေ့ရစဥ်၊ဓါတ်ပုံ – CJ)

“ဒီနေ့တပ်ကုန်းရွာမှာ ဖျက်ကြတယ်။ အိမ် ၃အိမ်ကို ဖျက်ဆီးပစ်တယ်လို့ ပြောတယ်။ ကင်းမနဲ့ ကိုင်းလယ်ကြားက ရွာ။ မနေ့က တောင်ဘက်ရွာမှာ ဖျက်ဆီးတာ။အဲဒီရွာမှာတော့ ရွာလုံးကျွတ်အဖျက်ခံရတာဖြစ်တယ်။စစ်ကြောင်းတွေ ပြန်ဆုတ်လာပြီးတော့ လမ်းကြောင်း တလျှောက်ရွာတွေကို ဝင်မွှေတဲ့သဘော”ဟု ၎င်းကဆိုသည်။

(ဖျက်ဆီးခံရ​သော လူ​နေအိမ်များကို ​တွေ့ရစဥ်၊ဓါတ်ပုံ – CJ)

တပ်ကုန်းရွာတွင် စစ်ကောင်စီတက်က နေအိမ်တစ်လုံးကို မီးရငိ့ပြီး နှစ်အိမ်ကို ဖျက်ဆီးသွားခဲ့ ကြောင်း ပေါက်မြို့နယ် ဟစ်တိုင်၌ ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တောင်ဘက်ရွာ ရှိစာသင်ကျောင်း၌ စစ်ကောင်စီတပ်များ တပ်စွဲပြီး ပြန်လည်ဆုတ်ခွာသွားချိန် ဒေသခံ အချို့က တပ်စွဲခဲ့သည့်နေရာ၌ မြင်တွေ့ရတဲ့အခြေအနေကို ရုပ်သံရိုက်ကူးဖော်ပြထားသည်။

“အချိုရည်ဗူးတွေရော အကုန်ယူတာ။ အီဗာထုတ်တောင်ယူတယ်ကွာ တကယ့်ကောင်တွေ။ ဖုန်းတွေရိုက်ခွဲသွားတယ်။ မယူတဲ့ဖုန်းတွေအကုန်ရိုက်ခွဲသွားတယ်” ဟု အဆိုပါ စာသင်ကျောင်း၌ စစ်ကောင်စီတပ်များ တပ်စွဲခဲ့မှု အခြေအနေကို ရိုက်ကူးထုတ်လွှင့်ခဲ့သူ တစ်ဦးကပြောသည်။

စာသင်ကျောင်းတံခါးသော့များကို စစ်ကောင်စီတပ်များက ရိုက်ဖျက်ထားသည်ကိုလည်း ရုပ်သံဖိုင်၌ တွေ့ရသည်။

စစ်ကောင်စီတပ်သည် အဆိုပါ ပေါက်တောင်ပိုင်းဒေသသသို့ ဩဂုတ်လကုန်ပိုင်းကတည်းက ဝင်ရောက်၍ နယ်မြေရှင်းလင်းရေးအကြောင်းပြက လူထုကို အကြမ်း ဖက်ဖိနှိပ်မှုများလုပ်ဆောင် နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook