Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ် ၍ ခုနစ်တန်းကျောင်းသူ ဒဏ်ရာရ

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

Update News
Update News

▪️ဘုတလင်နယ်မှ အမျိုးသမီးသုံးဦးကို တန်ဆာခံအနေဖြင့် စစ်ကာင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း မြောင်နှင့် ဘုတလင်မြို့နယ်တွင် ယနေ့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ ခုနစ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရပြီး အမျိုးသမီးသုံးဦးကို တန်ဆာခံအနေဖြင့် ဖမ်းဆီးထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော် များက ပြောသည်။

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က ရမ်းပစ်တာဗျ။ ထရံကို ဖောက်ဝင်ပြီး နောက်ကျောက်ဘက် ဂုတ်မှာ ဒဏ်ရာရတာ။ ဆေးကုပေးထားတယ်”ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMမှ တာဝန်ခံကိုနွေဦးက ပြောသည်။

စစ်ကောင်စီတပ်အင်အား ၄၀ကျော်သည် ကျောက်ရစ်ရဲစခန်းမှ ထွက်လာပြီးနောက် သနပ်ကုန်းကျေးရွာတွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ကျောက်ရစ်ရွာတွင် အထိုင်ချပြီး ဘေးပတ်ဝန်းကျင်ရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

“ညကလည်း ကျောက်ရစ်အရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံတွေခမျာ ၁၀နာရီ ၁၁နာရီကြီး ထပြေးကြရတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ် နှောပင်ရိုးကျေးရွာသို့လည်း ယနေ့ နံနက် စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက နှောပင်ရွာ ဒေသခံအမျိုးသမီးသုံးဦးကို တန်ဆာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုနှင့် ဓမ္မဘက် တော်သားများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာ ညှင်းပန်းနိပ်စက်နေ၍ နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့(နိုဝင်ဘာလ ၁ရက်)က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်