Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စီစဥ်သည့် ကျိုက်ထီးရိုးဘုရား “အခမဲ့” နေ့များသို့ သွားရောက်သူ နည်းပါး

နိုဝင်ဘာ ၃ရက်နှင့် ယနေ့(နိုဝင်ဘာ ၄ ရက်)တို့ တွင် ကျိုက်ထီးရိုးဘုရား၌ ကားခ၊ တည်ခိုးခ၊ ကေဘယ်ခ၊ စားစရိတ်ခ အခမဲ့နေ့အဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။

(စစ်ကောင်စီက စီစဥ်သည့် ကျိုက်ထီးရိုး ဘုရား အခမဲ့ နေ့ မြင်ကွင်း၊ ဓာတ်ပုံ - KTO)
(စစ်ကောင်စီက စီစဥ်သည့် ကျိုက်ထီးရိုး ဘုရား အခမဲ့ နေ့ မြင်ကွင်း၊ ဓာတ်ပုံ - KTO)

▪️Non CDM ဝန်ထမ်းမိသာစုများသာ သွားရောက်

အကြမ်းဖက်စစ်ကောင်စီ စီစဥ်သည့် ကျိုက်ထီးရိုးဘုရား“အခမဲ့”နေ့များသို့ လာရောက်သူ အလွန် နည်းပါးပြီး Non CDM ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင် အများစုသာရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာ ၃ရက်နှင့် ယနေ့(နိုဝင်ဘာ ၄ ရက်)တို့ တွင် ကျိုက်ထီးရိုးဘုရား၌ ကားခ၊ တည်ခိုးခ၊ ကေဘယ်ခ၊ စားစရိတ်ခ အခမဲ့နေ့အဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။

“ခါတိုင်း အခမဲ့နေ့ဆို ဘုရားဖူးသောင်းနဲ့ချီ ရှိနေတာ တိုးမပေါက်ဘူး။မနေ့က ကတည်းက ဒီနေ့အထိလာတဲ့သူက ရာဂဏန်းလောက်ပဲရှိတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

လက်ရှိ လာရောက်လည်ပတ်သူများမှာလည်း စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးသဖြင့် လာရောက်ရသော Non CDM ဝန်ထမ်းများနှင့် ၎င်းတို့ နှင့်ဆက်စပ်သူ များသာရှိသည်ဟုလည်းကျိုက်ထီးရိုးဂေါပကနှင့်နီးစပ်သူက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒရုန်းတွေလည်း လွှတ်ပြီး စောင့်ကြည့်နေတာရှိ သလို ရသေ့တောင်ဂိတ်မှာ စစ်တပ်ကို လာတဲ့ လူစာရင်းပေးရတယ်။အခုလာတဲ့ဆိုတာလည်း ဝန်ထမ်းတွေနဲ့ သူတို့မိသားစု ဝင်တွေများပါတယ်”ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၂ ရက် နံနက် ၁၀နာရီ မိနစ်၄၀ တွင် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကား ဂိတ်အတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို ​တော်လှန်​ရေးရဲ​ဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။​

တော်လှန်​ရေးရဲ​ဘော်များပြန်သွားပြီးနောက် စစ်​ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးဧည့်သည်အမျိုးသမီး သုံးဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ၁၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်ကြောင့်ဘုရားဖူးဧည်သည့်များမရှိသလောက်နည်းပါးသွားပြီးစစ်ကောင်စီတပ်ကရရှိနေသည့်ဘုရားအလှူငွေ နှင့် ကျိုက် ထီးရိုးဘုရားဖူးလုပ်ငန်းများမှရရှိသည့်အခွန်ငွေများစွာဆုံးရှုံး​နေသည်။

နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့်တန်ဆောင်မုန်းလပြည့် မတိုင်မီ နိုဝင်ဘာ ၃ ရက် နှင့် ၄ ရက် တို့တွင် ဘုရာဖူးခရီးသည်များ စတင်စည်းကားရန်စစ်ကောင်စီက ဖိအား​ပေး​လုပ်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။