Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက Non-CDM ဝန်ထမ်းများကိုကျိုက်ထီးရိုးဘုရားမဖြစ်မ​နေသွားဖူးရမည်ရက်ကိုသတ်မှတ်ဖိအား​ပေး

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring နှင့်​သီးသန့်အင်တာဗျူးတွင် ပြည်သူများ​တော်လှန်​​ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎ပစ်ခတ်မှုဖြစ်ပွားပြီးခရီးသွားများမသွားတော့၍ စစ်​ကောင်စီကစာရိတ်ငြိမ်းဖြင့်ပြည်သူများကိုစည်းရုံး​နေ

စစ်​ကောင်စီက ကျိုက်ထီးရိုးဘုရားသွားဖူးသူများကို ကားခ၊တည်ခိုခ၊​တောင်တက်ခ၊ စား​သောက်ရန်စသဖြင့် အခမဲ့အားလုံးပေးမည်ဟုစည်းရုံး​နေသလို ၊၎င်းတို့လက်​အောက်ရှိNon-CDM ဝန်ထမ်းများကိုမဖြစ်မနေဘုရားသွားဖူးရမည့် ရက်ကိုစစ်ကောင်စီကသတ်မှတ်လိုက်ကြောင်း ကျိုက်ထိုဒေသခံများ၊ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

အောက်တိုဘာ ၁၂ ရက်၊နံနက် ၁၀နာရီ မိနစ်၄၀တွင်ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်ကို ​တော်လှန်​ရေးရဲ​ဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့သည်။​တော်လှန်​ရေးရဲ​ဘော်များပြန်သွားပြီးနောက်စစ်​ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ဘုရားဖူးဧည့်သည်အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ် ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။

(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

အဆိုပါဖြစ်စဥ်ကြောင့်ဘုရားဖူးဧည်သည့်များမရှိသလောက်နည်းပါးသွားပြီးစစ်ကောင်စီတပ်ကရရှိနေသည့်ဘုရားအလှူငွေ နှင့် ကျိုက် ထီးရိုးဘုရားဖူးလုပ်ငန်းများမှရရှိသည့်အခွန်ငွေများစွာဆုံးရှုံး​နေသည်။

ထိုအ​​ခြေအ​နေတွင် နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့်တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နိုဝင်ဘာ ၃ ရက် နှင့် ၄ ရက် တို့တွင်ဘုရာဖူးခရီးသည်များ စတင်စည်းကားရန်စစ်ကောင်စီကဖိအား​ပေး​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တောင်တက်ခ၊ ကေဘယ်လ်ခ၊ တည်ခိုးခ အခမဲ့ ။ပြီးတော့ စတုဒိသာပါ ကျွေးမှာဆိုပြီး စခနောက်လိုက်အုပ်ချုပ်ရေးမှူးတွေက မနေ့ကစပြီးရပ်ကွက်ထဲ လိုက်ပြောနေတယ်”ဟု ကျိုက်ထိုမြို့ခံတစ်ဦးက​ပြောသည်။

ထို့အပြင် စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျိုက်ထီးရိုးဘုရားဘုရားဖူး ပြည်သူများ စည်ကားလာစေရန် လုပ်ရမည်ဟု ညွှန်ကြားထားကြောင်းလည်းကျိုက်ထီးရိုးဂေါပကနှင့်နီးစပ်သူကအသိပေးသည်။

(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

“နယ်မြေခံတပ်မ ၄၄ ကလုံခြုံရေးအပြည့်အဝပေးမယ်။ပြီးတော့အခမဲ့အစီအစဥ်တွေကိုအသေးစိတ်ကြေညာဖို့လည်း ရပ်ကျေးအဆင့်ထိရော၊ကျိုက်ထီးရိုး ဘုရားနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းအဆင့်ဆင့်ကို ညွှန်ကြားခိုင်းတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင်နိုဝင်ဘာ၃ ရက်နှင့် ၄ရက်အတွက် ဘုရားရင်ပြင်ရှိတည်းခိုခန်းတိုင်းတွင် စစ်ကောင်စီ၏ Non-CDMဝန်ထမ်းများက ကြိုတင်အခန်းရယူထားကြောင်းလည်း၎င်းကဆက်ပြောသည်။

“ဘုရားကိုယုံကြည်သက်ဝင်တာ ကို လက်ခံတယ်။ဒါပေမယ့် ပစ္စုပန်ကာလကိုကြည့်ပါ။ဘုရားဟောကြားတာတွေကိုလက်တွေ့ အသုံးချပါ။ပြီးတော့ကိုယ့်အသက်ထပ်အရေးကြီးတာမရှိဘူး”ဟုကျိုက်ထိုမြို့ခံတစ်ဦးကပြော သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring နှင့်​သီးသန့်အင်တာဗျူးတွင် ပြည်သူများ​တော်လှန်​​ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။