Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အတွက် လေယာဥ်အစိတ်အပိုင်းများတင်သွင်းပေးနေသည့် လက်နက်ပွဲစား ကျော်မင်းဦးနှင့် ၎င်းပိုင်ကုမ္ပဏီတို့ကို အမေရိကန် အရေးယူဒဏ်ခတ်

အာဏာရှင်အဖွဲ့အစည်း၏ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသည့် သူများအပေါ် အမေရိကန်အစိုးရ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အ​မေရီကန် နိုင်ငံခြား​ရေးဝန်ကြီး၏ ထုတ်ပြန်ချက်
အ​မေရီကန် နိုင်ငံခြား​ရေးဝန်ကြီး၏ ထုတ်ပြန်ချက်

မြန်မာစစ်တပ်အတွက် စစ်လေယာဥ်အစိတ်အပိုင်းများ တင်သွင်းပေးနေသည့် လက်နက်ပွဲစား ဦးကျော်မင်းဦးနှင့် ၎င်းပိုင် Sky Aviator ကုမ္ပဏီတို့ကို အရေးယူဒဏ်ခတ်ကြောင်း အမေရိကန်က ယမန်နေ့တွင် ကြေညာသည်။

အာဏာရှင်အဖွဲ့အစည်း၏ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသည့် သူများအပေါ် အမေရိကန်အစိုးရ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဦးကျော်မင်းဦး၏ ဦးစီးမှုအောက်တွင် Sky Aviator သည် မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများကို တင်သွင်းပေးနေပြီး ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များထံမှ လက်နက်ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်သည်။ Sky Aviator ကုမ္ပဏီကို ဗြိတိန်က ပြီးခဲ့သည့် ဇွန်လတွင် အရေးယူဒဏ်ခတ်ခဲ့ပြီးဖြစ်သည်။

အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီး အန်တိုနီ ဘလင်ကန်
အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီး အန်တိုနီ ဘလင်ကန်

ထို့အပြင် ဦးကျော်မင်းဦးသည် နိုင်ငံခြားမှ စစ်အရာရှိများမြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများမြန်မာနိုင်ငံသို့တင်သွင်းရန်နှင့်တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခြင်းစသည့် ပံ့ပိုးမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန်သည် အာဏာရှင်အဖွဲ့အစည်းကိုလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရှိစေရန်နှင့် တာဝန်ခံမှု တာဝန်ယူမှုရှိစေရန်ဆောင်ရွက်ခြင်းနှင့်မြန်မာပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် ၎င်းတို့ အသုံးပြုသည့် ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ဖြတ်တောက်ခြင်းတို့ကို မိတ်ဘက်နိုင်ငံများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဟု ကြေညာသည်။

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းသည် အတိုက်အခံနိုင်ငံရေးသမားများနှင့် အရပ်သားပြည်သူအမြောက်အများကို အသက်ဆုံးရှုံးစေလောက်သည့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရင်းမြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်က ဖော်ပြသည်။

အောက်တိုဘာ ၂၃တွင် အာဏာရှင်အဖွဲ့အစည်းသည် အာဏသိမ်းယူပြီးသည့် အချိန်မှစပြီး အသေအပျောက်အများဆုံး လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည့် ကချင်ပြည်နယ်မှ အနုပညာရှင်များ၊ တင်ဆက်ကပြသူများနှင့် ပွဲကြည့်ပရိသတ်များ၏ အသက်ကို နှုတ်ယူခဲ့သော လူပေါင်း ၁၀၀ နီးပါး သတ်ဖြတ်ခံခဲ့ကြရသည့် တိုင်းရင်းသားမိတ်ဆုံပွဲတစ်ခုအပေါ် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည်။

ပြည်သူများ၏ ဒီမိုကရေစီပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်သည့် သာယာဝပြောသော အနာဂတ်တစ်ခု လိုလားတောင့်တမှုကို ဖိနှိပ်ချုပ်ချယ်ရင်း အကြမ်းဖက်ခြိမ်းခြောက်မှုများကို ပြောင်ပြောင်တင်းတင်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အာဏာရှင်အဖွဲ့အစည်းကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းလည်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။