Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သတ်ဖြတ်သွား​သော သား၏ရုပ်အလောင်းကိုမြင်ပြီးနောက် မိခင်ဖြစ်သူပါကွယ်လွန်

သားဖြစ်သူ၏ ရုပ်အ​လောင်းကို မြင်​တွေ့ပြီး​နောက်မိခင်ဖြစ်သူပါကွယ်လွယ်သွား​ကြောင်း​နောက်ဆက်တွဲသတင်းများအရသိရသည်။

(ယမန်​နေ့ညက စစ်​ကောင်စီတပ်ကပျားရွာကိုမီးရှို့စဥ်။ ဓါတ်ပုံ-CJ)
(ယမန်​နေ့ညက စစ်​ကောင်စီတပ်ကပျားရွာကိုမီးရှို့စဥ်။ ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်က ယမန်နေ့ညတွင် မီးရှို့ခဲ့သည့် ပျားကျေးရွာမှ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ကြောင်း မြင်းခြံဒေသခံက ပြောသည်။

သားဖြစ်သူ၏ ရုပ်အ​လောင်းကို မြင်​တွေ့ပြီး​နောက်မိခင်ဖြစ်သူပါကွယ်လွယ်သွား​ကြောင်း​နောက်ဆက်တွဲသတင်းများအရသိရသည်။

နိုဝင်ဘာ ၈ရက်ညနေပိုင်းက ပျားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခဲ့၍ ဒေသခံများထွက်ပြေးပုန်းရှောင်ခဲ့ရကြောင်း၊ ယနေ့မနက်တွင် အမျိုးသားတစ်ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

မီးလောင်ပျက်စီးမှု အခြေအနေနှင့် ရွာသူရွာသားများ ဖမ်းဆီးခံရမှု၊ အခြေအနေ အသေးစိတ်ကို မသိရသေးဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံလူထု လှုပ်ရှားမှု ကော်မတီကလည်း ပျားကျေးရွာ ဖြစ်စဉ်ကို ဖော်ပြရာ ရွာမှထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံရွာသား ကိုဇော်မျိုးနိုင်သည် ယနေ့ နိုဝင်ဘာ ၉ရက် နံနက်တွင် ရွာပြန်၍ နွားလှည်းကောက်ယူစဉ် စစ်ကောင်စီတပ်များ၏ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ ကြောင်းအသိပေးသည်။

“မနေ့က ညနေပိုင်းပျားရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည၆နာရီခန့်မှာ ပျားရွာအရှေ့ပိုင်းကနေအိမ်တွေကစပြီး စခတွေမီးရှို့ခဲ့ပါတယ်။မနက်‌စော နွားလှည်းပြန်ကောက်တဲ့ကိုဇော်မျိုးနိုင်ကို စခများမှ ပစ်သတ်ခဲ့။သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်ပြီးမိခင်ဖြစ်သူပါသေဆုံးခဲ့။ —။ကိုဇော်မျိုးနိုင်မှာ သားသမီးကလေး၄ဦးကျန်ရစ်ခဲ့တယ်လို့သိရ” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ ကထုတ်ပြန်သည်။

ရွာအတွင်းပြန်ဝင်မရ​သေး၍ မီး​လောင်​သောအိမ်အ​ရေအတွက်ကိုမသိရ​သေး​ကြောင်းလည်း ​ကော်မတီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အထိနာပါက အနီးဝန်းကျင်ရှိ ကျေးရွာများကို ပစ်မှတ်ထား မီးရှို့ခြင်း ၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခြင်းစ​သောအကြမ်းဖက်မှုများလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို