Connect with us

Hi, what are you looking for?

သတင်း

ပွဲစီစဉ်သူများဖိအားပေးခံရ၍ NUG နိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းပြောကြားမည့်အစီအစဉ် ဖျက်သိမ်းခံရ

အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ဆွေးနွေးပေးရန်ဖိတ်ကြားခံခဲ့ရသော်လည်း စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

Global Town Hall အခမ်းအနား​ကြော်ငြာ
Global Town Hall အခမ်းအနား​ကြော်ငြာ

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Global Town hall 2022 အခမ်းအနား၌ အမှာစကားပြောကြားမည့်အစီအစဥ် ဖျက်သိမ်းခံရကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးမူဝါဒအသိုက်အဝန်း (FPCI)က ကြီးမှူးပြုလုပ်သည့် Global Town hall 2022 အခမ်းအနားတွင်အမှာစကားပြောကြားရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ သော်လည်း အခမ်းအနားစီစဥ်သူများ အနေနှင့် ဖိအားပေးမှုအချို့နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြသည်။

ယင်းညီလာခံသို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြားရန်စီစဉ်ထားသော မိန့်ခွန်းတွင် မြန်မာနိုင်ငံ ၏ အခြေခံကွဲပြားမှုမှာ ဒီမိုကရေစီနှင့် အကြမ်းဖက်မှုအကြား၊ ဖွံ့ဖြိုးမှုနှင့် သေနတ်အားကိုးအုပ်ချုပ်လိုမှုအကြား တို့ဖြစ်သည်ဟုထည့်သွင်းဖော်ပြသည်။

“ကျွန်မတို့ဟာ ညီညွတ်မှုအသစ်နဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနေပါတယ်။ စစ် အာဏာသိမ်းမှုကို တုန့်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ လူမျိုးစုနဲ့ ကိုးကွယ်ယုံကြည်မှု မတူညီမှုတွေ အကြား ကျွန်မတို့ရရှိထားတဲ့ ဘုံရည်မှန်းချက်တူညီတာကို အခုညီလာခံကနေအသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်​ပြောကြားရန်စီစဥ်ထား​သောမိန့်ခွန်းတွင်​​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ဆွေးနွေးပေးရန်ဖိတ်ကြားခံခဲ့ရသော်လည်း စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။